CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, August 3, 2015
NLD ကိုယ်စားလှယ် စာရင်းအား မေးခွန်းထုတ်မှုရှိ
ရွေးကောက်ပွဲဝင်မည့် NLD ကိုယ်စားလှယ် စာရင်းနှင့် ပတ်သက်၍ NLD ပါတီဝင်တချို့က CEC အဖွဲ့ကိုအင်တာနက် စာမျက်နှာပေါ်မှ မေးခွန်းထုတ် နေကြကြောင်း ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက The Messenger Media သို့ ပြောသည်။
““သူတို့ သတ်မှတ်ထားတဲ့ စည်းကမ်း တွေနဲ့လည်း ကိုက်နေတယ်။ ပထမဦးစားပေး အနေနဲ့လည်း မြို့နယ်နဲ့ တိုင်းက တင်ပေးတယ်။ ဒါကို နာမည် မပါလာ တာကတော့ မပြောတတ်ဘူး။ အခုတော့ ပါတီဝင်တွေ တချို့က အွန်လိုင်းက မေးခွန်းထုတ် နေတာ တွေ့နေရတယ်””ဟု ၎င်းက ပြောသည်။
ဒေါက်တာ ညိုညိုသင်းမှာ NLD ပါတီမှ ၀င်ရောက် အရွေးခံရန် တင်ပြထားရာတွင် ကိုယ်စားလှယ်လောင်း ရွေးချယ်သည့် မူဝါဒနှင့်လည်း ကိုက်ညီသည့် အတွက် မြို့နယ်နှင့် တိုင်းဒေသကြီး NLD ပါတီတို့မှ လက်ခံသည့်အပြင် ပညာရှင် အများစု၏ ထောက်ခံမှုကိုလည်း ရရှိထားပြီး ဖြစ်ကြောင်း ဒေါက်တာ ညိုညိုသင်းက ဆိုသည်။
သို့သော် NLD ပါတီ၏ ကိုယ်စားလှယ်လောင်း စာရင်းတွင် မပါဝင်ခဲ့ခြင်းကို နားမလည်ဘဲ ယင်းကိစ္စနှင့် ပတ်သက်၍လည်း CEC အဖွဲ့အား မေးမြန်းရန် စီစဉ်ထားကြောင်း သိရသည်။
““ကိုယ်စားလှယ်လောင်းတွေနဲ့ ပတ်သက်ပြီး စိစစ်တာ သုံးလေးနေရာလောက် ရှိတော့ သူဘယ်နေရာက တင်လဲဆိုတာ သူပဲ သိနိုင်မယ်။ ကျန်တာကတော့ မပြောနိုင်သေးဘူး””ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ CEC အဖွဲ့ဝင် ဦးထွန်းထွန်းဟိန် က The Messenger Media သို့ ပြောသည်။
NLD ပါတီ၏ ရွေးကောက်ပွဲ ၀င်ရောက်မည့် ကိုယ်စားလှယ်စာရင်းတွင် ဒေါက်တာ ညိုညိုသင်း နာမည်ပါဝင်ခြင်း မရှိသကဲ့သို့ ၈၈ မျိုးဆက် ဦးကိုကိုကြီးနှင့် ဒေါက်တာ အောင်သူစသည့် နာမည်ကြီး ပုဂ္ဂိုလ်အချို့ မှာလည်း ပါဝင်ခဲ့ခြင်း မရှိပေ။
http://www.messengernewsjournal.com/news/Local/detail.php?id=41878
NLD ကိုယ်စားလှယ် စာရင်းအား မေးခွန်းထုတ်မှုရှိ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 03, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 03, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment