Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 2, 2015

၁၃ နှစ်ကြာ အိမ်ထောင်ရေးကို အဆုံးသတ် ရတော့မယ့် Julia Roberts




၁၃ နှစ် သက်တမ်း ရှိတဲ့ အိမ်ထောင်ရေးတစ်ခု ကို ဖြတ်သန်းပြီးတဲ့နောက်မှာ Julia Roberts နဲ့ Danny Moder တို့ရဲ့ ပတ်သက်မှုတွေဟာ အဆုံးသတ်တော့မယ့် အနေအထား မှာ ရှိနေပါတယ်။ Danny Moder ဟာ အချိန်တိုင်းရန်ဖြစ်နေရတာကို စိတ်ကုန်လာပြီး Julia Robert နဲ့ ကွာရှင်းဖို့ ကြိုးစားနေတယ်လို့လည်း သိရပါတယ်။

အတွင်းလူတစ်ယောက်က OK! မဂ္ဂဇင်းကို ပြောပြခဲ့တာကတော့ "သူတို့ ဘယ်လိုစကားများကြတယ်ဆိုတာက သူတို့ကလေးတွေကို သက်ရောက်မှုရှိစေတာကို တွေးလိုက်ရင် Danny လည်းအာရုံနောက်ပါတယ်။ အဲဒါကြောင့် အဆိုးတွေကိုလုံလောက်သွားပြီလို့ သူကသတ်မှတ်လိုက်ပြီး သူနဲ့ Julia ကွာရှင်းလိုက်ရင် ကလေးတွေ အတွက် ပိုမို ကောင်းမွန်သွားလိမ့်မယ်လို့ သူထင်နေပါတယ်" လို့ ဆိုပါတယ်။

သူတို့ စုံတွဲဟာ ၂၀၀၀ ခုနှစ်က ရိုက်ကူးခဲ့တဲ့ "The Mexican" ဆိုတဲ့ ဇာတ်လမ်း ရိုက်ကွင်းမှာ ဆုံတွေ့ခဲ့ကြတာဖြစ်ပါတယ်။ သူတို့ဟာ ၂၀၀၂ ခုနှစ်မှာ လက်ထပ်ခဲ့ကြတာ ဖြစ်ပြီး အသက် ၁၀ နှစ်အရွယ် Hazel နဲ့ Phinnaeus ဆိုတဲ့ အမြွှာ ၂ ယောက်နဲ့ အသက် ၈ နှစ်အရွယ် Henry နဲ့ စုစုပေါင်း ကလေး ၃ ယောက်ရှိပါတယ်။

Moder ဘက်ကတော့ Julia Roberts နဲ့ ကွာရှင်းနိုင်ဖို့အတွက် အပြင်းအထန် ကြိုးစားနေပေမယ့် Julia Roberts ဘက်ကတော့ သူတို့ရဲ့ ဆက်ဆံရေး ကို ပြန်လည်ကောင်းမွန်လာစေချင်နေတယ်လို့ သူမရဲ့ သူငယ်ချင်းတစ်ယောက်ကဆိုပါတယ်။

လက်ရှိမှာ Julia Roberts ဟာ သူမရဲ့ ဟာဝိုင်အီက က နေအိမ်ကို ဒေါ်လာ သန်း ၃၀ ၊ နယူးယော့ခ်မြို့က အိမ်ကို ဒေါ်လာ ၄.၅ သန်း တို့နဲ့ ရောင်းချထားပါတယ်။ သူမ မှာ ကယ်လီဖိုးနီးယား နဲ့ နယူးမက္ကဆီကို တို့မှာလည်း အိမ်ပေါင်းမြောက်များစွာ ရှိနေပါသေးတယ်။ လက်ရှိမှာ Roberts ဟာ "Secret on Their Eyes" ဆိုတဲ့ ဇာတ်လမ်းမှာ Nicole Kidman ၊ Chiwetel Ejiofor တို့နဲ့အတူ ရိုက်ကူးနေပါတယ်။

Moder ကတော့ ကင်မရာသမား တစ်ယောက် ဖြစ်ပြီး သူဟာ "Spider-Man 3" နဲ့ "Mr. & Mrs. Smith" တို့ရဲ့ ကင်မရာ ရိုက်ကူးရေးအပိုင်းကို ဆောင်ရွက်ခဲ့သူပဲဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse

No comments:

Post a Comment