Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 25, 2015

ချစ်သူကောင်လေးရဲ့ လက်ထပ်ခွင့်တောင်းမှု ကို ငြင်းဆိုခဲ့တဲ့ Jennifer Lopez



ပေါ့ပ် ဘုရင်မ တစ်ယောက်ဖြစ်တဲ့ Jennifer Lopez ဟာ နောက်ထပ်တစ်ကြိမ် လက်ထပ်ဖို့ အသင့် ဖြစ်နေပြီလား? မဖြစ်သေးပါဘူး။ သတင်းဖော်ပြချက်တွေအရ အဆိုတော် နဲ့ သရုပ်ဆောင် Jennifer Lopez ဟာ သူ့ရဲ့ ချစ်သူကောင်လေး Casper Smart ရဲ့ လက်ထပ်ခွင့်တောင်းခံမှု ကို ခံခဲ့ရပေမယ့်လည်း Smart ရဲ့ လက်ထပ်ခွင့်တောင်းမှု ကို ငြင်းဆိုခဲ့တယ်လို့ သိရပါတယ်။

Life & Style Weekly သတင်းဌာန ရဲ့ ဖော်ပြချက်အရ အကပညာရှင် တစ်ယောက်ဖြစ်တဲ့ Casper Smart ဟာ ဂျေလို ကို လက်ထပ်ခွင့်တောင်းခဲ့တာ အကြိမ်ကြိမ် ရှိနေပြီဖြစ်ပြီး သူမဟာ သူ့ကို အကြိမ်ကြိမ် ငြင်းဆိုခဲ့ပါတယ်တဲ့။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဂျေလိုနဲ့ ရင်းနှီးသူတစ်ဦးက ပြောပြခဲ့တာကတော့ "ဂျေလိုဟာ Casper ကို စိတ်ညစ်နေပါပြီ။ ဘာလို့လဲဆိုတော့ သူမ ဘက်က လက်မခံနိုင်ဘူးဆိုတဲ့ အဖြေ ကို ပြန်ပြောရတာ ပင်ပန်းနေပါပြီ။ Smart ဟာ Jennifer Lopez ကို ဒီနှစ်ထဲမှာတင် လက်ထပ်ခွင့်တောင်းခဲ့တာ ၅ ကြိမ်ထက်မနည်းပါဘူး" လို့ ဆိုပါတယ်။

အသက် ၄၅ နှစ်အရွယ် Jennifer Lopez နဲ့ အသက် ၂၇ နှစ်အရွယ် Casper Smart တို့ဟာ ၂၀၁၁ ခုနှစ်ကတည်းက ရန်ဖြစ်လိုက် ၊ ပြန်ချစ်လိုက်နဲ့ တွဲလာခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒီလ အစောပိုင်းမှာ တုန်းကတော့ OK! မဂ္ဂဇင်းက ဂျေလိုတို့ အတွဲဟာ လျှို့ဝှက် မင်္ဂလာဆောင် တစ်ခု ကျင်းပဖို့ စီစဉ်နေကြတယ်လို့ သိရပါတယ်။

မေလမှာတုန်းကလည်း ဂျေလိုဟာ နယူးယော့ခ်မှာ ပြုလုပ်တဲ့ ပြပွဲတစ်ခုကို ဘယ်ဘက်လက်မှာ စိန်လက်စွပ် ၀တ်ဆင်ပြီး တက်ရောက်ခဲ့တဲ့အတွက် သူမတို့ စုံတွဲကို စေ့စပ်ထားပြီးပြီလို့ သတင်းတွေထွက်ပေါ်စေခဲ့ပါတယ်။

ဂျေလိုဟာ လက်ထပ်ခဲ့တာ ၃ ကြိမ်ရှိပါပြီ။ ၁၉၉၇ ခုနှစ်ကနေ ၁၉၉၈ ခုနှစ်အထိ Ojani Noa နဲ့လက်ထပ်ခဲ့ပြီး ၊ ၂၀၀၁ ခုနှစ်ကနေ ၂၀၀၃ ခုနှစ်အထိလည်း Cris Judd နဲ့ လက်ထပ်ခဲ့သလို ၂၀၀၄ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိလည်း Marc Anthony နဲ့ လက်ထပ်ခဲ့ကာ Marc နဲ့ အတူ သူမမှာ ရင်သွေး ၂ ယောက်ရရှိခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse

No comments:

Post a Comment