Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 6, 2015

Forbes မဂ္ဂဇင်းရဲ့ ၀င်ငွေအကောင်းဆုံးရုပ်ရှင်မင်းသားစာရင်းမှာ သုံးနှစ်ဆက်တိုက် ဆက်လက်ဦးဆောင်ခဲ့ Robert Downey Jr.


Forbes မဂ္ဂဇင်းက ထုတ်ပြန်ခဲ့တဲ့ ကြေငြာချက်မှာ Robert Downey Jr. ဟာ သုံးနှစ် ဆက်တိုက် ၀င်ငွေအကောင်းဆုံးမင်းသားစာရင်း ထိပ်ဆုံးက ဦးဆောင်ခဲ့ပါတယ်။
Robert Downey Jr. ပါဝင်တဲ့ The Avengers: Age of Ultron ဇာတ်ကားဟာ တရုတ်နိုင်ငံတစ်နိုင်ငံတည်းမှာတင် ကန်ဒေါ်လာ သန်း ၂၄၀ ရရှိခဲ့တာကလည်း ဒီစာရင်းမှာ ဦးဆောင်နိုင်ခြင်းရဲ့ အဓိကအချက်တစ်ချက်ဖြစ်ပါတယ်။Iron Man မင်းသားဟာ ၂၀၁၄ ခုနှစ်မှာ ၀င်ငွေ ဒေါ်လာ သန်း ၈၀ ရရှိခဲ့ပြီး ဒုတိယနေရာက Jackie Chan က ဒေါ်လာ သန်း ၅၀ ရရှိခဲ့ပါတယ်။ Jackie Chan ရဲ့ နောက်မှာ Fast and Furious ဇာတ်ကားရဲ့ အဓိကမင်းသားတစ်ဦးဖြစ်တဲ့ Vin Diesel က ၀င်ငွေ ဒေါ်လာ ၄၇ သန်းနဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။ ဒီစာရင်းမှာ အသစ်ပါလာသူတွေကတော့ Seth Rogen (ဒေါ်လာ ၁၇ သန်း) နဲ့ Jonah Hill ( ဒေါ်လာ ၁၆ သန်း) တို့ ဖြစ်ပါတယ်။
ဒီစာရင်းမှာ နိုင်ငံပေါင်း ခုနှစ်နိုင်ငံက ရုပ်ရှင်မင်းသားပေါင်း ၃၃ ယောက် ပါဝင်ခဲ့ပြီး အခွန် မပေးဆောင်ခင် အားလုံးရဲ့ဝင်ငွေစုစုပေါင်းဟာ ဒေါ်လာ ၈၇၇ သန်း ဖြစ်ပါတယ်။1.  Robert Downey Jr: $80 million
2.  Jackie Chan: $50 million
3.  Vin Diesel: $47 million
4.  Bradley Cooper: $41.5 million
5.  Adam Sandler: $41 million
6.  Tom Cruise: $40 million
7.  Amitabh Bachchan: $33.5 million
8.  Salman Khan: $33.5 million
9.  Akshay Kumar: $32.5 million
10. Mark Wahlbert : $32 million
Ref: glamourmagazine

http://www.trend.com.mm/2015/08/06/hollywood-7358

No comments:

Post a Comment