![]() |
| ချယ်ရီ FM ရေဒီယို တည်ထောင်တာ သြဂုတ်လ ၁၅ရက်နေ့မှာ ၆နှစ်ပြည့် |
MRTV နဲ့ ဖက်စပ် လုပ်နေတဲ့ FM ရေဒီယို ဌာနတွေအနေနဲ့ ရွေးကောက်ပွဲ အကြိုကာလမှာ နိုင်ငံရေးအရ ပုဂ္ဂိုလ်တဦး၊ အဖွဲ့အစည်းတခုကို ဘက်လိုက်ရာ ရောက်တဲ့ ထုတ်လွှင့်မှုမျိုးတွေ မလုပ်ဖို့ ညွှန်ကြားထားခဲ့ကြောင်း၊ ဒါပေမယ့် ချယ်ရီ FM ဘက်က လုံလောက်တဲ့ အာမခံချက် မပေးနိုင်ခဲ့တဲ့အတွက် ၃လယာယီ ရပ်နားထားဖို့ သဘောတူခဲ့ကြောင်း ပြောပါတယ်။
နှစ်ဘက် ချုပ်ဆိုထားတဲ့ စာချုပ်ပါ အတိုင်း ပြန်ကြားရေး ဝန်ကြီးဌာနဘက်က ဖျက်သိမ်းခွင့် ရှိပေမယ့် ချယ်ရီ FM ဝန်ထမ်းတွေနဲ့ ချယ်ရီ FM ရေဒီယိုရဲ့ အနာဂတ်ကို ထည့်သွင်း စဉ်းစားခဲ့တဲ့အတွက် အခုလို ၃လ ယာယီရပ်နားဖို့ ပြောခဲ့တာ ဖြစ်တယ်လို့ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။
ဒီကိစ္စကို ချယ်ရီ FMဘက်က တနင်္လာနေ့မှာ တရားဝင် စာတင်ဖို့ လိုကြောင်းနဲ့ သဘောတူ ထားတဲ့အတိုင်း အကောင်အထည် မဖေါ်ဘူး ဆိုရင်တော့ စာချုပ်ပါ သတ်မှတ်ချက် စည်းမျဉ်းတွေ အတိုင်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
BBC Burmese
http://www.bbc.com/burmese

No comments:
Post a Comment