Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, August 29, 2015

လှေစီးဒုက္ခသည်တွေများလာမယ်လို့ ကုလခန့်မှန်း

လှေစီးဒုက္ခသည်တွေ စီးနှင်းလာတဲ့ စက်လှေကို တွေ့ရစဉ် Photo: Min Thein Aung/ RFA
 နောက်တစ်လလောက်ဆိုရင် မိုးရာသီ ကုန်ဆုံးတော့မှာ ဖြစ်တဲ့အတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကနေ လူမှောင်ခို ပွဲစားတွေက နေတဆင့် လှေစီး ထွက်ပြေးလာကြသူ အရေအတွက်ဟာ ပိုမိုများပြားလာမယ်လို့ ယူဆကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ပြောပါတယ်။

ဒေသတွင်း အစိုးရတွေအနေနဲ့ လှေစီးထွက်ပြေး လာသူတွေကို ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးတွေ တိုးမြှင့်လုပ်ဆောင်ကြဖို့နဲ့ သူတို့တွေကို အန္တရာယ် ကင်းတဲ့နေရာတွေမှာ ဆင်းသက်ခွင့်ရအောင်ဆောင်ရွက်ပေးဖို့ UNHCR က ထုတ်ပြန်တဲ့ အစီရင်ခံစာတစ်စောင် က တိုက်တွန်းထားပါတယ်။

၂၀၁၅ နှစ်ဝက်အတွင်းမှာ ဘင်္ဂလားပင်လယ်အော်ကနေတဆင့် ထွက်ပြေး လာတဲ့ လှေစီးဒုက္ခသည်ပေါင်း ၃ သောင်းကျော်ရှိပြီး အဲဒီအရေ အတွက်ဟာ ၂၀၁၄ ခုနှစ်ကထက် ၃၄ ရာခိုင်နှုန်း ပိုများလာတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်း ထိုင်းနိုင်ငံမှာ လူကုန်ကူးမှုနဲ့ ပတ်သက်သူ စုစုပေါင်း ၇၂ ယောက်ကို စွဲချက်တင်နိုင်ခဲ့ပြီး အဲဒီအထဲမှာ ဗိုလ်ချုပ်ကြီး တစ်ယောက် လည်း ပါဝင်ပါတယ်။

မလေးရှားနဲ့ ထိုင်းနယ်စပ်မှာ ရှာဖွေတွေ့ရှိတဲ့ လှေစီးဒုက္ခသည်စခန်းပေါင်း ၂၈ ခု ပတ်ဝန်းကျင်က မြေကျင်း ၁၃၉ ခုထဲမှာ မြှုပ်ထားတဲ့ လူသေအလောင်းပေါင်း ၁၀၆ လောင်း ကို တူးဖော်တွေ့ရှိခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese

No comments:

Post a Comment