မြန်မာနဲ့ နယ်စပ် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းနာဂပြည်နယ်မှာ အိန္ဒိယ အစိုးရတပ်တွေနဲ့ နာဂခွဲထွက်ရေးသူပုန်ကြား တိုက်ပွဲမှာ နာဂစစ်သည် ၆ ဦး သေဆုံးတယ်လို့ အိန္ဒိယအစိုးရကို ကိုးကားပြီး ရိုက်တာသတင်းက ရေးသားပါတယ်။
မြန်မာနိုင်ငံနဲ့ နယ်စပ်တဖက်ကမ်း နာဂပြည်နယ်က တူဆန်ခရိုင်အတွင်းမှာ နာဂအဖွဲ့တစ်ဖွဲ့နဲ့ အိန္ဒိယအစိုးရတပ်တွေ မနေ့က သောကြာနေ့က တိုက်ပွဲ ဖြစ်ခဲ့တာပါ။
ဒီလအစောပိုင်းက ဝန်ကြီးချုပ်မိုဒီဟာ နာဂဆိုရှယ်လစ်ကောင်စီထဲက အင်အား အကြီးဆုံးအဖွဲ့ဖြစ်တဲ့ Isak Muivah အုပ်စုနဲ့ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုလိုက်နိုင် တဲ့အတွက် နှစ်ပေါင်းများစွာကြာ လက်နက်ကိုင်ပဋိပက္ခ အဆုံးသတ်နိုင်ပြီလို့ ဆိုရမှာပါ။
သို့သော်လည်း အဲဒီလို သဘောတူချက်ကို မကျေနပ်တဲ့ Khaplang အဖွဲ့နဲ့ မနေ့က တိုက်ပွဲဖြစ်ခဲ့တာပါ။ အဲဒီအဖွဲ့အပါအဝင် နာဂခွဲထွက်သူပုန် ၂ ဖွဲ့ ၃ ဖွဲ့ လောက်ဟာ မြန်မာနိုင်ငံရဲ့ ထူထပ်တဲ့တောင်တောင်တွေထဲမှာ ခြေကုတ်ယူပြီး အိန္ဒိယတပ်တွေကို တိုက်နေတယ်လို့ အိန္ဒိယ စစ်ဖက်ထောက်လှမ်းရေးက ပြောတယ်လို့ရိုက်တာက ရေးသားပါတယ်။
အဲဒီအချက်ကိုတော့ မြန်မာအစိုးရက ငြင်းဆိုထားပါတယ်။ မြန်မာနိုင်ငံရဲ့ နယ်နမိတ်ထဲ ကျူးကျော်လာတဲ့ဘယ်လိုအဖွဲ့ကိုမဆို လက်ခံမှာမဟုတ်ကြောင်း ပြောထားပါတယ်။
ပြီးခဲ့တဲ့ဇွန်လတုန်းက K (Khaplang) အဖွဲ့က အိန္ဒိယတပ်တွေကို ခြုံခိုတိုက်ခိုက်တာကြောင့် စစ်သား ၂၀ လောက်သေဆုံးပြီး တစ်ပတ်လောက်အကြာမှာ K အဖွဲ့က ခေါင်းဆောင်ကို ဖမ်းဆီးလိုက်နိုင်ပါတယ်။
နာဂဆိုရှယ်လစ်ကောင်စီဟာ လွတ်လပ်တဲ့နိုင်ငံအဖြစ် အိန္ဒိယထံက ခွဲထွက်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး ၁၉၄၇ ခုနှစ်ကတည်းက စတင်ခဲ့တဲ့တိုက်ပွဲတွေကြောင့် လူဦးရေ ၅၀၀၀၀ (ငါးသောင်း)လောက်သေဆုံးခဲ့တယ်လို့ ရိုက်တာမှာ ဖေါ်ပြပါတယ်။
RFA Burmese
https://www.facebook.com/pages/RFA-Burmese
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, August 29, 2015
နာဂခွဲထွက်ရေးသူပုန် ၆ ဦးသေဆုံး
နာဂခွဲထွက်ရေးသူပုန် ၆ ဦးသေဆုံး
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 29, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment