Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 10, 2015

တူရကီရှိ အမေရိကန် ကောင်စစ်ဝန်ရုံးကို သေနတ်သမားနှစ်ဦး တိုက်ခိုက်


တူရကီနိုင်ငံ၊ အစ္စတန်ဘူလ် မြို့ရှိ အမေရိကန် ကောင်စစ်ဝန်ရုံးကို သေနတ်သမား နှစ်ဦးက တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဩဂုတ် ၁၀ ရက် နံနက်ပိုင်းက ဆာရီယာမြို့နယ်ရှိ အမေရိကန် ကောင်စစ်ဝန်ရုံးကို အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တူရကီ ရဲတပ်ဖွဲ့က တုံ့ပြန်လာချိန်တွင် ထွက်ပြေးခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပွားပြီးနောက် အော်တိုမက်တစ် မောင်းပြန်ရိုင်ဖယ် ကိုင်ဆောင်ထားသည့် ရဲတပ်ဖွဲ့ဝန်များသည် ကောင်စစ်ဝန်ရုံး ပတ်ဝန်းကျင် လမ်းများတွင် ဖြန့်ကျက် နေရာယူထားလိုက်ကြောင်း ဒေသခံများက ဆိုသည်။ NTV ရေဒီယိုက ရဲများသည် ပစ်ခတ်မှုတွင် ပါဝင်သည့် အမျိုးသမီးကို ဖမ်းဆီးရမိထားပြီး သူမသည် သေနတ်ဒဏ်ရာ ရရှိထားကြောင်းလည်း ဖော်ပြခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုတွင် အခြား အရပ်သားများ ထိခိုက်မှု မည်မျှ ရှိသည်ကို မသိရချေ။
ဩဂုတ် ၁၀ ရက် နံနက်မိုးမသောက်မီကလည်း အီစတန်ဘူလ်ရှိ ဆူလ်တန်ဘေလီမှ ရဲစခန်း တစ်ခုကို ဖောက်ခွဲရေး ပစ္စည်းများ တင်ဆောင်လာသည့် ကားတစ်စီးက ဝင်တိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် သုံးဦးနှင့် အရပ်သား ခုနစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ ထို့အပြင် သေနတ်သမား နှစ်ဦးနှင့် အခင်းဖြစ်ရာ နေရာသို့ အလောတကြီး ရောက်ရှိလာသည့် ဗုံးရှင်းလင်းရေး ကျွမ်းကျင်သူ ရဲတစ်ဦးတို့ သေဆုံးကြောင်း CNN၏ တူရကီ အခြေစိုက် သတင်းဌာနခွဲက ဖော်ပြခဲ့သည်။
တူရကီသည် ပြီးခဲ့သည့် လကုန်ပိုင်းမှစပြီး အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများနှင့် PKK ကာ့ဒ်သူပုန်များကို တိုက်ခိုက်လျက်ရှိရာ နိုင်ငံ၏ လုံခြုံရေး သတိပေးချက်ကိုလည်း အဆင့်မြှင့်တင် ကြေညာထားသည်။ 
_Ref: Reuters
http://7daydaily.com/story/43839

No comments:

Post a Comment