Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 10, 2015

မိခင်တစ်ဦးရဲ့ သားသမီးအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာ



မိခင်တစ်ဦးရဲ့ သားသမီးအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာ

အမေတစ်ယောက်ရဲ့ သားသမီးအပေးချစ်ခြင်းမေတ္တာကို ပြသနေတဲ့ ဓါတ်ပုံတစ်ပုံဖြစ်ပါတယ်။ တရုတ်နိုင်ငံ ကွမ်ဟေးပြည်နယ်အတွင်းလွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀၀ ကျော်လောက်ကခန့်မှန်းရတဲ့ အရိုးစုတွေကို တူးဖော်တွေ့ရှိစဉ်မှာ ဒီအဖြစ်ကို မထင်မှတ်ပဲ တွေ့ခဲ့ကြတာဖြစ်ပါတယ်။


ငလျင်ဒဏ်ကြောင့် အားလုံးဒုက္ခရောက်ကြချိန်မှာ မိခင်တစ်ဦးက သူ့ရဲ့သားသမီးလို့ ယူဆရသူကို ရင်ခွင်ထဲ ပိုက်ပြီး နောက်ဆုံးထွက်သက်အထိ ကာကွယ်ပေးသွားခဲ့တဲ့ ပုံစံအတိုင်းအရိုးစုတွေကို တွေ့ခဲ့ရတာဖြစ်ပါတယ်။ အဲဒီဒေသကို ရှေးဟောင်းသုတေသနနယ်မြေအဖြစ်သတ်မှတ်ထားပြီး ကြီးမားတဲ့ငလျင်ကြောင့် သေဆုံးခဲ့ရသူများရဲ့ အရိုးစုတွေကို မြေအောက်က တူးဖော်တွေ့ရှိခဲ့ကြပါတယ်။ တရုတ်နိုင်ငံ မြစ်ဝါမြစ်ရဲ့ အထက်ပိုင်းမှာတည်ရှိတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ ဒါမျိုးကို ရုပ်ရှင်တွေထဲမှာသာ တွေ့ဖူးခဲ့ကြပေမယ့် အခုတော့ မိခင်တစ်ဦးရဲ့ချစ်ခြင်းမေတ္တာကို အတိအကျဖော်ညွှန်းနိုင်တဲ့ အရာအဖြစ် တွေ့ခဲ့ရပြီဖြစ်ပါတယ်။ 


ကွီဇီယားလို့ခေါ်တဲ့ အဲဒီလေတ်တုန်းက လက်မှုအနုပညာနဲ့ အတက်ပညာတွေကို သမိုင်းပညာရှင်တွေ ရှာဖွေဖော်ထုတ်နေကြတာလည်း ဖြစ်ပါတယ်။

source - CCTV
http://www.planet.com.mm/detail/28414/World

No comments:

Post a Comment