Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 28, 2015

ဗန်ကောက်မြို့လယ် ဗုံးကွဲမှုတရားခံများတွင် တူရကီနိုင်ငံသားများ ပါဝင်ဟုဆို



Thai police spokesman Prawut Thawornsiri speaks at a news conference in Bangkok on Wednesday

People ride past a digital billboard showing a sketch of the main suspect in the Erawan shrine bombing

Demonstrators set fire to a Chinese flag during a protest against China near the Chinese consulate in Istanbul, Turkey, in July

Uighur women and children in Istanbul in July, after fleeing from China where they say they were persecuted.

ဗန်ကောက် ၊ ၂၈-၈-၂၀၁၅

ထိုင်းနိုင်ငံ ဗန်ကောက် မြို့လယ်၌ မကြာသေးမီက ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှု တရားခံ များတွင် တူရကီ နိုင်ငံသားများ ပါဝင်ကြောင်း ရဲတပ်ဖွဲ့က ပြောကြား ထားသည်။

သြဂုတ် ၁၇ ရက်တွင် ဖြစ်ပွားခဲ့သော ဗန်ကောက် မြို့လယ် ဧရာဝဏ် ဘုရားကျောင်း အနီး ဗုံးပေါက်ကွဲမှု မတိုင်မီ နိုင်ငံအတွင်း ဝင်ရောက် ခဲ့သည့် တူရကီ နိုင်ငံသား များကို စုံစမ်း စစ်ဆေးမှုများ လုပ်ဆောင်လျက် ရှိကြောင်း တာဝန်ရှိ သူများက သြဂုတ် ၂၇ ရက်တွင် ပြောကြားသည်။

အဆိုပါ ပေါက်ကွဲမှု မဖြစ်ပွားမီ ရက်သတ္တ နှစ်ပတ်အတွင်း နိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့သည့် တူရကီ နိုင်ငံသား ၁၅ ဦးမှ ၂ဝ ဦးအထိ ရှိကြောင်းနှင့် ရဲတပ်ဖွဲ့က ၄င်းတို့ကို စုံစမ်း စစ်ဆေးလျက် ရှိကြောင်း ထိုင်းပြည်တွင်း သတင်းဌာန များမှပြောကြား ထားသည်။

ထိုင်းအစိုးရသည် တူရကီ ဘာသာစကား ပြောဆိုသည့် ဝီဂါ မျိုးနွယ်စုဝင် ၁ဝဝ ကျော်ကို ဇူလိုင်လက တရုတ်နိုင်ငံသို့ ပြည်နှင်ဒဏ် ပေးခဲ့မှုနှင့် စပ်လျဉ်း၍ တူရကီ နိုင်ငံက ပြစ်တင် ဝေဖန်ခဲ့ပြီး တူရကီ နိုင်ငံသား များသည် ထိုင်း ကောင်စစ်ဝန်ရုံး ရှေ့၌ ဆန္ဒပြမှုများ လုပ်ဆောင်ခဲ့သည်။ ထိုင်း အစိုးရ၏ အဆိုပါ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ လက်စားချေမှု အဖြစ် ဗုံးခွဲမှုကို လုပ်ဆောင်ခြင်း ဖြစ်နိုင်ဖွယ် ရှိကြောင်း၊ ထိုင်းရဲတပ်ဖွဲ့ အနေဖြင့် တူရကီ နိုင်ငံမှ Grey Wolves အမည်ရှိ လူဆိုးဂိုဏ်း အဖွဲ့ကို အဓိက ပစ်မှတ်ထား၍ စုံစမ်းမှုများ လုပ်ဆောင်လျက် ရှိကြောင်း တာဝန်ရှိသူ များက ပြောကြား ထားသည်။

Bangkok bombing: new theories turn to Turkish travellers, Grey Wolves

#PyiChitThar

No comments:

Post a Comment