Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 28, 2015

ရုပ်ရှင်ရုံအတွင်း ရမ်းကားစွာ ပစ်ခတ်တိုက်ခိုက် ခဲ့သူကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ၁၂ ကြိမ်နှင့် ၃၃၁၈ နှစ်ချမှတ်



Theater shooter Holmes gets 12 life sentences, plus 3,318 years

ကော်လိုရာဒို ၊ ၂၈-၈-၂၀၁၅

အမေရိကန် ပြည်ထောင်စု ကော်လိုရာဒို ပြည်နယ် အော်ရိုရာ မြို့ရှိ ရုပ်ရှင်ရုံ တစ်ခုအတွင်း လူ ၁၂ ဦးသေဆုံးပြီး ၇ဝ ဦးဒဏ်ရာ ရရှိစေခဲ့သည့် သေနတ်ဖြင့် ရမ်းကားစွာ ပစ်ခတ် တိုက်ခိုက်ခဲ့သူ ဂျိမ်းစ်အီဂန်ဟုမ်းစ် ကို ကော်လိုရာဒို တရားရုံးက ထောင်ဒဏ် တစ်သက်တစ်ကျွန်း ၁၂ ကြိမ်နှင့် ၃၃၁၈ နှစ်ချမှတ် ခဲ့ကြောင်း CNN သတင်းဌာနမှ သြဂုတ် ၂၇ ရက်တွင် ဖော်ပြထားသည်။

အသက် ၂၇ နှစ်အရွယ်ရှိ ဂျိမ်းစ် သည် လူတစ်ဦး သေဆုံးမှုအတွက် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကျခံ ရပြီး လူ ၁၂ ဦး သေဆုံးစေမှု အတွက် ထောင်ဒဏ် တစ်သက် တစ်ကျွန်း ၁၂ ကြိမ် ကျခံရခြင်း ဖြစ်ကြောင်း၊ လူသတ်ရန် ကြိုးပမ်းမှု အတွက် ထောင်ဒဏ် ၃၃၁၈ နှစ်ကျခံရခြင်း ဖြစ်ကြောင်း၊ မည်သည့် အခါမျှ လွတ်ငြိမ်း ချမ်းသာခွင့် ပြုမည် မဟုတ်ကြောင်း ကော်လိုရာဒို တရားရုံးမှ ထုတ်ပြန် ကြေညာသည်။

အဆိုပါ ပြစ်ဒဏ်သည် အမေရိကန် သမိုင်း တစ်လျှောက် စတုတ္ထမြောက် ထောင်ဒဏ် အရှည်ကြာဆုံး ပြစ်ဒဏ် ဖြစ်ကြောင်း အစိုးရရှေ့နေ ဂျော့ခ်ျဘရော့ခ်ျလာ က ပြောကြားသည်။ ဂျိမ်းစ်သည် ၂ဝ၁၂ ခုနှစ် ဇူလိုင် ၂ဝ ရက်က ဟဲလ်မက်၊ ဓာတ်ငွေ့ကာ မျက်နှာဖုံး နှင့် ကျည်ကာအင်္ကျီ ကဲ့သို့သော ဝတ်စုံတို့ကို ဝတ်ဆင်လျက် ပြောင်းတို သေနတ် တစ်လက်၊ ရိုင်ဖယ်သေနတ် တစ်လက်နှင့် ပစ္စတို တစ်လက် တို့နှင့်အတူ ရုပ်ရှင်ရုံအတွင်း ဝင်ရောက်ကာ ပထမဦးစွာ မျက်ရည်ယိုဗုံး ကို ပစ်ပြီးနောက် သေနတ်ဖြင့် အချက်ပေါင်း ၇ဝဝ ခန့် ပစ်ခတ် ခဲ့သည်။ ထို့နောက် ၄င်းသည် ရုပ်ရှင်ရုံ အပြင်သို့ ထွက်ကာ အဖမ်းခံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment