CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, August 17, 2015
ပြည်ခိုင်ဖြိုးပါတီနဲ့ တပ်မတော်ပိုနီးစပ်လာပြီလို့ ဦးလှဆွေပြော
ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းကို ပြည်ခိုင်ဖြိုးပါတီ ပူးတွဲဥက္ကဌတာဝန်ကနေ ဖယ်ရှားလိုက်တဲ့အတွက် အရင်က တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးပါတီအကြား ဝေးနေတာကနေ အခု ပိုနီးစပ်သွားစေတယ်လို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ပြောပါတယ်။
ဒီကနေ့ နေပြည်တော် ပြည်ခိုင်ဖြိုးပါတီဌာနချုပ်မှာ အသစ်ဖွဲ့စည်းလိုက်တဲ့ ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေနဲ့ ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ဒီကနေ့ အစည်းအဝေးနဲ့ ဆက်စပ်ပြီး သူရဦးရွှေမန်းကို ဖယ်ရှားလိုက်တာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဦးလှဆွေက သူရဦးရွှေမန်းကို ပါတီတာဝန်ကနေ ဖယ်ရှားလိုက်တာဟာ ဖြစ်သင့်ကြောင်း အခုလို ပြောပါတယ်။
"အခုလို ဒုတိယဥက္ကဌ နောက်တစ်ယောက်ကို ထပ်ပြီးတော့ တာဝန်ပေးအပ်လိုက်တာဟာ တပ်မတော်နဲ့ ကြံ့ခိုင်ရေးပါတီနဲ့ဟာ ပိုနီးစပ်သွားစေတဲ့ အခြေအနေဖြစ်ပါတယ် ဘာဖြစ်လို့လဲ့ဆိုတော့ အရင်တုန်းကတော့ ကြံ့ခိုင်ရေးနဲ့ တပ်မတော်နဲ့လည်းကွဲပြီ အစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကွဲနေတယ်ဆိုတဲ့ အနေအထားကနေမှ အခုပြန်ပြီးတော့ တပ်မတော်နဲ့ ကြံ့ခိုင်ရေးနဲ့ ပြန်အစေးကပ်သွားအောင် ပြန်ပုံဖော်လိုက်တဲ့အခြေအနေဖြစ်တယ် အဲ့ဒါလည်းဖြစ်သင့်တယ်"
ဖွံ့ဖြိုးဆဲတိုင်းပြည်တွေမှာ တပ်မတော်ရဲ့ ထောက်ခံမှုဟာ အရေးကြီးကြောင်းနဲ့ အခုလို ပြည်ခိုင်ဖြိုး ပါတီနဲ့ တပ်မတော်အကြား ပိုနီးစပ်တာဟာ လိုအပ်ကြောင်းပြောပါတယ်။
ဒါ့အပြင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းနဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မြင့်ဖေတို့ကို ပါတီဗဟိုကော်မတီကနေ ပါတီဝင်အဖြစ် တာဝန်တွေ လျှော့ချလိုက်ကြောင်းလည်း အတည်ပြုပြောဆိုပါတယ်။
မနက်ဖြန် လွှတ်တော်အစည်းအဝေးတွေ ပြန်လည်စတင်မှာဖြစ်ပြီး လွှတ်တော်အစည်းအဝေးတွေကို ရက်ပိုင်းလောက်ပဲ ကျင်းပသွားမယ်လို့ ပြောပါတယ်။
RFA Burmese
https://www.facebook.com/pages/RFA-Burmese
ပြည်ခိုင်ဖြိုးပါတီနဲ့ တပ်မတော်ပိုနီးစပ်လာပြီလို့ ဦးလှဆွေပြော
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 17, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 17, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment