Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 17, 2015

အင်တာနက်ရှိရုံနဲ့ အင်္ဂါဂြိုလ်အနှံ့ စူးစမ်းကြည့ှ်ရှုနိုင်ပြီ



NASA ဟာ ဂြိုလ်နီလို့ နာမည်ကြီးတဲ့ မားစ်ဂြိုလ်ကို လူတိုင်းစူးစမ်းလေ့လာနိုင်စေဖို့  အတွက် browser အတွင်းထည့်သုံးနိုင်တဲ့ ပရိုဂရမ်နှစ်ခုဖြစ်တဲ့ Mars Trek နဲ့ Experience Curiosity တို့ ကို ရေးဆွဲခဲ့ပါတယ်။

Mars Trek ပရိုဂရမ်ဟာ သုံးဖက်မြင်အင်္ဂါဂြိုလ်ရဲ့ မြေပုံကို ရေးဆွဲဖို့ အတွက် လွန်ခဲ့တဲ့နှစ်ငါးဆယ်အတွင်း အင်္ဂါဂြိုလ်ကို စူးစမ်းလေ့လာခဲ့တဲ့အချက်အလက်တွေကို  ပေါင်းစည်းအသုံးပြုထားတာဖြစ်ပါတယ်။

 ဒီပရိုဂရမ်ကို web browser ကနေ တိုက်ရိုက်အသုံးပြုပြီး အင်္ဂါဂြိုလ်ကို စူးစမ်းလေ့လာနိုင်မှာပါ။ နာဆာဟာ ၂၀၂၀ ခုနှစ်မှာ နောက်ထပ် မားစ်ဂြိုလ်စူးစမ်းရေးယာဉ်တစ်ခု ဆင်းသက်မယ့်နေရာကို လေ့လာစူးစမ်းဖို့ အတွက် ဒီ application ကို လက်ရှိအသုံးပြုနေတာဖြစ်ပါတယ်။

ဒုတိယ application ဖြစ်တဲ့ Explore Curiosity ဟာ လွန်ခဲ့တဲ့သုံးနှစ်က အင်္ဂါဂြိုလ်အပေါ် ဆင်းသက်ခဲ့တဲ့ နာဆာရဲ့ Curiosity ကို အသုံးပြုသူတွေကိုယ်တိုင် ထိန်းချုပ်မောင်းနှင်နိုင်မယ့် ပရိုဂရမ်ဖြစ်ပါတယ်။ ဒီ simulator (ခွင်တုစက်ပရိုဂရမ်) ကနေတဆင့် ကင်မရာထောင့်စုံကနေ စိတ်ကြိုက်ထိန်းချုပ်ခလုတ်တွေအသုံးပြုပြီး မားစ် အနှံ့ လျှောက်ကြည့်နိုင်ပါတယ်။

ဒီ application နှစ်ခုလုံးဟာ အွန်လိုင်းပေါ်မှာ ရရှိနိုင်ပြီး browser မရွေးအသုံးပြုနိုင်ပါတယ်။

“ Experience Curiosity ကို browser တစ်ခုမှာ အလုပ်လုပ်ဖို့ အတွက် များပြားတဲ့ 3-D ပုံရိပ်ဖော်ခြင်းတွေ လုပ်ဆောင်ခဲ့ရပါတယ်” လို့ NASA ရဲ့ ဂျက်တွန်းကန်အားဓာတ်ခွဲခန်းက ပုံရိပ်ဖော်ပရိုဂရမ်တည်ဆောက်ရေး အသင်းမန်နေဂျာ Kevin Husey က ပြောကြားခဲ့ပါတယ်။

အင်တာနက်ရှိသူတိုင်း မားစ်ဂြိုလ်ကို လေ့လာရေးထွက်နိုင်ပါပြီ။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : The Verge

No comments:

Post a Comment