Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 21, 2015

မြန်မာလင်မယားရန်ဖြစ်ရာမှ ဇနီးသေဆုံး


အမေရိကန် ပြည်ထောင်စုသို့ ထိုင်းနယ်စပ် ဒုက္ခသည်စခန်းမှ ရွှေ့ပြောင်းနေထိုင်သော မြန်မာမိသားစုမှ လင်မယားနှစ်ဦး ရန်ဖြစ်ရင်း ကိုယ်ထိလက်ရောက် ထိုးကြိတ်ရိုက်နှက်ရာမှ ဇနီးဖြစ်သူ သေဆုံးသွား၍ မြန်မာအမျိုးသားတစ်ဦးကို ဩဂုတ်လ ၁၅ ရက်၊ စနေနေ့တွင် ရဲက ဖမ်းဆီးလိုက်ပါသည်။
လင်မယား ရန်ဖြစ်ပြီး ထိုးကြိတ်ရိုက်နှက်ရာမှ ဇနီးဖြစ်သူ သေဆုံးသွားသဖြင့် ရဲက ဖမ်းဆီး အရေးယူလိုက်သော ကိုချစ်ဦး ဖြစ်ပါသည်။လင်မယား ရန်ဖြစ်ပြီး ထိုးကြိတ်ရိုက်နှက်ရာမှ ဇနီးဖြစ်သူ သေဆုံးသွားသဖြင့် ရဲက ဖမ်းဆီး အရေးယူလိုက်သော ကိုချစ်ဦး ဖြစ်ပါသည်။အရီဇိုးနားပြည်နယ်၊ ဖီးနစ်စ်မြို့နေ အသက် ၂၇ နှစ်ရှိ ကိုချစ်ဦးသည် ဇနီးနှင့် ရန်ဖြစ်သည့် ကိစ္စကို ရဲစခန်းသို့ ဖုန်းဆက်၍ အကြောင်းကြားခဲ့ပါသည်။ ကိုချစ်ဦးက ဂီလာမြစ်ထဲရှိ ဇနီး၏ အလောင်းကို ပြသည်။ သေဆုံးသူ၏ မျက်နှာတွင် ဒဏ်ရာများ ရရှိထားသည်ကို တွေ့ရသည်။
ကိုချစ်ဦးနှင့် ဇနီး ဇာဘေဒါတို့သည် ၂၀၀၉ ခုနှစ်ကတည်းက လက်ထပ်ထားပြီး သားသမီး နှစ်ဦး ရှိသည်။ လင်မယား ရန်ဖြစ်၍ ထိုးကြိတ်ရိုက်နှက်မှုများ မကြာခဏ ဖြစ်ပွားသည်ဟု ၎င်းက ရဲထံ အစစ်ခံသည်။ လွန်ခဲ့သော ငါးလက ဇနီးသည် ၎င်းနှင့် သားသမီးများကို ထားခဲ့ပြီး အခြား ယောက်ျားတစ်ယောက်နှင့် လိုက်သွားသည်ဟု ဆိုသည်။ သို့သော်၊ သားသမီးနှစ်ဦးကို ဇနီးက လာတွေ့လေ့ရှိသည်ဟု ရဲကို ပြောပြသည်။
ဩဂုတ်လ ၁၅ ရက်၊ စနေနေ့က ဇနီးသည် သားသမီးများကို လာတွေ့စဉ် ၎င်းတို့ လင်မယားနှစ်ဦး သွားလေ့ရှိသော ရေကန်သို့ သွားလိုကြောင်း ပြောသည်။ ကားပေါ်တွင် သူတို့ နှစ်ဦး စကားများ ရန်ဖြစ်ပြီး ကိုယ်ထိလက်ရောက် ထိုးကြိတ်ရိုက်နှက်ကြသည်။ မြစ်နဘေးတွင် ကားပေါ်မှ ဆင်းကာ နှစ်ဦးသား ဆက်လက် ရန်ဖြစ်သတ်ပုတ်ကြ၏။
ကိုချစ်ဦးသည် စိတ်မထိန်းနိုင်ဘဲ ဇနီး၏ ဦးခေါင်းနှင့် မျက်နှာကို ထိုးကြိတ်ရိုက်နှက်သောကြောင့် ဇနီးသည် မြစ်ထဲသို့ ကျကာ ရေဝင်သွားကြောင်း ရဲကို ပြောပြသည်။ ကိုချစ်ဦးက ဇနီးကို ရေထဲမှာ ဆွဲတင်ကာ ဆက်လက် ရန်ဖြစ် သတ်ပုတ်ကြပြန်သည်။ ဇနီးသည် ရေမွန်းကာ သတိမေ့မျောသွားသည်။ ကိုချစ်ဦးက သူမကို ရေထဲမှ ဆွဲတင်ကာ မြစ်ကမ်းဘေးတွင် ထားပစ်ခဲ့ကြောင်း ရဲထံ ထွက်ဆိုပါသည်။
ကိုချစ်ဦးသည် ၎င်း၏ မိဘများ၏ အိမ်သို့ သွားကာ ရေချိုး အဝတ်အစားလဲပြီး ဇနီးကို ထားခဲ့သော နေရာသို့ ပြန်သွားပါသည်။ ဇနီးကို နေရာမှာပင် မလှုပ်မယှက် သတိမေ့မျောဆဲ တွေ့ရှိသောကြောင့် ၎င်းက ရဲကို ဖုန်းဆက် အကြောင်းကြားခဲ့သည်။ ရဲများ ရောက်လာချိန်တွင် အသက်မရှိသော အလောင်းကိုသာ တွေ့ရပါသည်။
ကိုချစ်ဦး၏ ကားအတွင်းရော အပြင်ပါ သွေးများစွာ ရဲက တွေ့ရှိခဲ့သည်။ ကိုချစ်ဦးကို ဒုတိယဆင့် လူသတ်မှုဖြင့် ရဲကဖမ်းဆီးထားပြီး ဩဂုတ်လ ၂၄ ရက်နေ့တွင် ပထမဆုံးအကြိမ် တရားရုံးသို့ အမှုတင်သွင်းမည် ဖြစ်သည်။
၎င်းတို့ လင်မယားတွင် သမီးတစ်ဦး၊ သားတစ်ဦး ရှိပြီး ဇနီးဖြစ်သူသည် အမေရိကန်အစိုးရ အလုပ်သမားဝန်ကြီးဌာန၏ Job Corps သက်မွေးဝမ်းကျောင်း သင်တန်းတက်ရောက်နေကာ ဩဂုတ်လ ၂၁ ရက်နေ့တွင် အောင်လက်မှတ် ရရှိတော့မည် ဖြစ်သည်
http://kabarthit.com/index.php?option=com_content&view=article&id=738:2015-08-20-17-29-17&catid=8:2013-10-13-17-09-02&Itemid=214

No comments:

Post a Comment