Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 21, 2015

လှုပ်ရှား ကခုန်ခြင်းက နာကျင်မှုကို သက်သာ စေလို့  ကပြီး ကလေးမီးဖွားခဲ့တဲ့ မိခင်




Yuki Nishizawa ဆိုသူ အမျိုးသမီးဟာ မီးဖွားခါနီး ၀မ်းဘယ်လောက် နာနေပါစေ ကနေဖို့  ဆုံးဖြတ်ချက်ခဲ့ပါတယ်။ ဒါပေမယ့် သူမဟာ ဗီဒီယိုစတား တစ်ယောက် ဖြစ်လာမယ်လို့ တော့ မထင်ခဲ့မိပါဘူး။
သူမရဲ့ ဗီဒီယိုကို ဆိုရှယ်မီဒီယာကနေ ကြည့ှ်ရှူမှုပေါင်းဟာ သုံးသိန်း ကျော်ခဲ့ပြီ ဖြစ်ပါတယ်။ အဆိုပါဗီဒီယိုမှာ Yuki ဟာ မီးဖွားခန်းဝတ်စုံနဲ့ ဗိုက်နာမှုကို သိသိသာသာခံစား နေရပေမယ့် အားအင်အပြည့်နဲ့ ကခုန်နေတာကို တွေ့ မြင်ရမှာပါ။
Yuki ဟာ ကခုန်နေရင်း ရေမွှာပေါက်သွားပေမယ့်လည်း ဆက်လက် ကခုန်နေခဲ့ပါတယ်။  အဆိုပါဗီဒီယိုကို ရိုက်ကူးခဲ့သူ ခင်ပွန်းဖြစ်သူ Connel က သူ့ ရဲ့ဇနီးဖြစ်သူကို အားပေးနေသံအပြင် ရယ်သံကိုပါ ကြားခဲ့ရပါတယ်။ “ ကျွန်တော် မရယ်နေသင့် ဘူးဆိုတာ သိပါတယ်။ ဒါပေမယ့် သူက တော်တော် နာမည်ကြီးချင်နေတာ၊ နာမည်ကြီးချင်ရင် tootsie roll အကို ကလေးမွေးနေတုန်းကလေ” လို့ ပြောနေတာကို ပါ ကြားနိုင်ပါတယ်။
Yuki ဟာ ရင်သွေးလေး Koji ကို ဘောစတွန်မြို့ က ဆေးရုံမှာ သြဂတ်စ်လ ၁၈ ရက်နေ့ က အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပြီး အလေးချိန် ၆ ပေါင်နဲ့ ၁၅ အောင်စ တိတိ ရှိပါတယ်။
Ref: Mirror
http://www.trend.com.mm/2015/08/21/news-7483

No comments:

Post a Comment