CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, August 18, 2015
သင့်ကလေးကို သင်ဘယ်လောက်နားလည်ပါသလဲ
၁။ သူငယ်ချင်းရှိသလား
သူတို့လေးတွေ သူငယ်ချင်းကော ရှိရဲ့လား၊ သူတို့နာမည် ဘာခေါ်ကြလဲ၊ သူတို့အနေအထား ဘယ်လိုရှိလဲ၊ မိဘတွေကော ဘာလုပ်တာလဲ၊ သားသမီးများရဲ့ သူငယ်ချင်းအကြောင်းကို ကောင်းကောင်းသိထားခြင်းဖြင့် သားသမီးအကြောင်းကို ပိုမို နှီးစပ် အောင် ခန့်မှန်းနိုင်ပါတယ်။
၂။ သင့်ကလေး ဘာအကျင့်တွေ ရှိသလဲ
အဲလိုမေးလိုက်ရင် မိဘတော်တော်များများ ငြီးညူ ကြတယ်။ ထမင်းကောင်းကောင်းမစားဘူး၊ အဆော့အရမ်းမက်တယ်။ အတန်းထဲမှာ ကောင်းကောင်းနားမထောင်ဘူး၊ အချိန်တအားဆွဲတယ်။ စသည်ဖြင့် ပြောတတ်ကြပါတယ်။ အကျင့်ကောင်းကော ဘာတွေရှိလဲ၊ ဂရုကော စိုက်မိ ရဲ့လား၊ အကျင့်ကောင်းကို ရ အောင်ရှာပါ။ အဲဒီအကျင့်ကောင်းကို ချီးကျူး ခြင်း၊ အသိအမှတ်ပြုခြင်းဖြင့် အကျင့်ကောင်းကို ပွားများပါ။
၃။ ကလေး ဘာအစားအစာ နှစ်သက်သလဲ
အသားအရမ်းကြိုက်တယ်။ ဟင်းရွက်သိပ်မစားတတ်ဘူး အဲဒါ ကလေးတော်တော်များများ ရဲ့ အကျင့်ဆိုးတစ်ခုပါ။ မိမိ ကလေးများ အစာကို မျှမျှ တတစားတတ်ဖို့ သူတို့ရှေ့မှာ ဘာဟင်စားကောင်းတယ် ဘာဟင်းတော့ဖြင့် စားမကောင်းဘူး စသည်ဖြင့် ဝေဖန်ခြင်းကို ရှောင်ကြင်ပါ။ ဘာဟင်းတော့ အဟာရကောင်းတယ်။ ကျန်းမာရေးအတွက်ကောင်းတယ်။ စသည်ဖြင့် ဆွေးနွေးပေးပါ။
၎။ လုပ်လုပ်ရှားရှား ကြိုက်သလား၊ ငြိမ်ငြိမ်လေး နေတာကြိုက်သလား
လုပ်လုပ်ရှားရှားပဲနေနေ၊ ငြိမ်ငြိမ်လေးပဲ နေနေ မိဘအနေနဲ့ လက္ခံရမှာပါ။ သူ့ဟာနဲ့သူ ကောင်းပါတယ်။ ပြင်ပလောကကို စိတ်ဝင်စားတဲ့ ကလေးများက လုပ်လုပ်ရှားရှား ရှိတတ်သလို၊ တည်တည်ငြိမ်ငြိမ် ကလေးများကတော့ ငြိမ်ငြိမ်လေး နေတတ်ကြပါတယ်။
၅။ သူတို့ ဘာ တီဗွီ အစီအစဉ် ကြိုက်နှစ်သက်သလဲ
မိဘများ အလွယ်ဖြေ မှာကတော့ “ ကာတွန်းကြိုက်တယ်။ ” ဘာကာတွန်းအမျိုးအစား ပိုကြိုက်သလဲ၊ ဘာကြောင့်လဲ။ မိဘများသိထားရမှာက ကလေးဆိုတာ အသစ်အဆန်းကို အလွန်နှစ်သက်တယ်။ သူတို့လေးတွေဟာ ကာတွန်းကားထဲကနေ ကိုယ့်အနေအထား ကို ရှာဖွေတတ်ကြတယ်။ မိဘများက ကလေးရဲ့ ၀ါသနာကို အခြေခံပြီး ကလေးကြည့်သင့်တဲ့ ကာတွန်းကားတွေကို အကြံအဥာဏ်ပေးလို့ ရပါတယ်။
၆။ သင့်ကလေး ဘာဝါသနာ ပါသလဲ
ကလေးအမှတ်ကောင်းရဖို့၊ ကလေးအတန်းထဲမှာ ပထမ ရဖို့ ယနေ့ခေတ်ကလေးများဟာ ၀ါသနာကို ပျိုးထောင်ဖို့ အချိန်သိပ်မရှိလှပါ။ မိဘများ အနေနဲ့ ကလေးများကို ၀ါသနာ ပျိုးထောင်ပေးဖို့ အချိန်ပေးသင့်ပါတယ်။ သူတို့လေးတွေ ဘာကိုနှစ်သက်သလဲ၊ ဘာဝါသနာပါနိုင်သလဲ၊ ဘယ်လိုပျိုးထောင်ပေးရမလဲ စသည်ဖြင့် နည်းလမ်း ရှာသင့်ပါတယ်။
ရ။ သင့်ကလေး ဘာစာအုပ် တွေကို နှစ်သက်သလဲ
ဘာစာအုပ်မှ ဖတ်ချင်မှာ မဟုတ်ပါဘူး လို့ မဖြေပါနဲ့၊ သင်သူတို့ကို စာအုပ်ဆိုင်ခေါ်သွားဖူးပါသလား၊ သူတို့ နှစ်သက်ရာ စာအုပ်ကို ၀ယ်ယူခွင့် ပေးဖူးပါသလား။ သင်ကော သူတို့နဲ့ စာအုပ်အကြောင်းဆွေးနွေးဖူးပါသလား။ စာအုပ်များများ ဖတ်ခြင်းဖြင့် ကလေးများရဲ့တိုးတက်မူ ကို များစွာ အထောက်အကူ ဖြစ်စေပါတယ်။
၈။ သင့်ကလေး အရပ်ဘယ်လောက်မြင့်လဲ၊
သင့်ကလေး ဘယ်နှစ်ပေါင်ရှိလဲ၊ ခန္ဓာကိုယ် အလေးချိန် နဲ့ အရပ် ကိုက်ညီမူ ရှိရဲ့လား၊ ၀ိတ်ရှော့သင့်တဲ့ အဆင့်ကော ရောက်နေပြီလား၊ ကျန်မာရေး ညီညွတ်အောင် ဘာတွေကို စားဖို့ အားပေးရ မှာလဲ စသည်ဖြင့် မိဘများ သိရှိထားသင့်ပါတယ်။
Credit: sayar aung ko latt
သင့်ကလေးကို သင်ဘယ်လောက်နားလည်ပါသလဲ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 18, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 18, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment