Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 5, 2015

နောက်တစ်ကြိမ် ရေကြီးဖို့ ကျန်သေးတယ်

Wednesday, August 5, 2015
ရေဘေးအန္တရာယ်တွေ ကြုံလာရပြီဆိုရင် သက်ကြီးရွယ်အိုတွေ၊ အရွယ်မရောက်သေးတဲ့ကလေးတွေနဲ့ နေမကောင်းသူတွေ၊ ကိုယ်ဝန်ဆောင်တွေကို အဓိကထား ရွှေ့ပြောင်းပေးဖို့လိုအပ်ပါတယ်။ အရေးကြီးပစ္စည်းနဲ့ စာချုပ်စာတမ်းတွေကို လုံခြုံစွာထုပ်ပိုးထားသင့်သလို တာရှည်ခံတဲ့ အစားအစာတွေ၊ ဆေးဝါးတွေလည်း ဆောင်ထားဖို့ လိုအပ်ပါတယ်။
မြန်မာနိုင်ငံမှာ တစ်နှစ်ကို ရေကြီးမှု ၃ကြိမ်အထိ ဖြစ်တတ်တာမို့ လက်ရှိကြုံတွေ့နေရတာဟာ ဒုတိယအကြိမ်ဖြစ်ပြီး စက်တင်ဘာနဲ့ အောက်တိုဘာ ဝန်းကျင်လောက်မှာ နောက်တစ်ကြိမ်ထပ်ကြုံရဖို့ ရှိနေပါသေးတယ်။ ရေကြီးမှုအခြေအနေကတော့ မိုးများမှုအပေါ်မှာသာမူတည်ပြီး မြစ်ဝကျွန်းပေါ်ဒေသဖြစ်ဖို့ ခန့်မှန်းထားပါတယ်။
လက်ရှိကြုံတွေ့နေရမှုတွေဟာ ငါးလုပ်ငန်းရှင်တွေအတွက်လည်း စိုးရိမ်ရတဲ့ အခြေအနေဖြစ်တာမို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကာကွယ်လုပ်ဆောင်နေကြရပါတယ်။ အစိုးရအနေနဲ့ ဝိုင်းဝန်းလုပ်ဆောင်ပေးဖို့ ဒေါက်တာမြင့်စိန်က တိုက်တွန်းခဲ့ပါတယ်။
ကမ္ဘာပေါ်မှာ သဘာဝဘေးအန္တရာယ် ကျရောက်လာရင် ရာသီဥတုအဆိုးဆုံး ၁ဝ နိုင်ငံမှာ မြန်မာက ဒုတိယဖြစ်နေပြီး အပူပိုင်းနိုင်ငံတွေထဲမှာ မိုးအများဆုံးက မြန်မာပြည် အနောက်မြောက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်တို့ ဖြစ်ပါတယ်။ လက်ရှိ ရေဖုံးလွှမ်းမှုမြင့်မားနေတဲ့ ဒေသတွေကတော့ ညောင်ဦး၊ သာယာဝတီ၊ စစ်တွေ၊ ဟင်္သာတ၊ ပုသိမ်၊ ကျောက်ဖြူ၊ ပဲခူး၊ မအူပင် စတဲ့ဒေသတွေဖြစ်ပါတယ်။
အခုဖြစ်ပေါ်နေတဲ့ ဒုတိယအကြိမ်ရေကြီးမှုမှာ မြန်မာပြည်အပေါ်ပိုင်းဒေသတွေ ပြီးဆုံးသွားပေမယ့် မြစ်ဝကျွန်းပေါ်ဒေသတွေ ကျန်နေသေးပါတယ်။ ရေကြီးမှုဒဏ်တွေဟာ ရခိုင်ဘက်မှာ လျော့နည်းလာနိုင်ပြီး အရှေ့ဘက်မှာရှိတဲ့ သံလွင်မြစ်၊ စစ်တောင်းမြစ်၊ ပဲခူးမြစ်တွေနဲ့ မြစ်ဝကျွန်းပေါ်ဒေသ၊ ရှမ်းပြည်နယ်တွေမှာ သတိထားဖို့ လိုအပ်နေပါတယ်။
Kamayut Media

No comments:

Post a Comment