Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 20, 2015

ကမ္ဘာ့ပထမဆုံး အကြိမ်အဖြစ် လူသားဦးနှောက်ကို ဓာတ်ခွဲခန်းအတွင်း ဖန်တီး

Hopes raised of breakthrough in Alzheimer's, Parksinson's and autism treatment

ဝါရှင်တန် ၊ ၂၀-၈-၂၀၁၅

ကမ္ဘာပေါ်တွင် ပထမဆုံးအကြိမ် အဖြစ် လူသား၏ ဦးနှောက်ကို ဓာတ်ခွဲခန်း အတွင်း၌ သိပ္ပံပညာရှင် များက ဖန်တီးနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

သိပ္ပံပညာရှင် များက ဖန်တီးခဲ့သည့် အဆိုပါ ဦးနှောက်သည် ခဲတံထိပ်ဖျားရှိ ခဲဖျက် အရွယ်အစား ခန့်သာ ရှိသော်လည်း ယင်းဦးနှောက်ကို နောက်ပိုင်းတွင် ပညာရှင်များက အယ်လ်ဇိုင်းမား နှင့် ပါကင်ဆန် ရောဂါများ ဖြစ်ပွား ရခြင်းနှင့် စပ်လျဉ်း၍ စမ်းသပ်မှုများ ပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

သိပ္ပံပညာရှင် များသည် အဆိုပါ ဦးနှောက်ကို ဖန်တီးနိုင်ရန် အတွက် အရွယ်ရောက်ပြီး လူသား၏ အရေပြား ဆဲလ်များကို အသုံးပြု ခဲ့ကြောင်းနှင့် ၄င်းတို့ ဖန်တီးလိုက်သည့် ဦးနှောက်သည် ဓာတ်ခွဲခန်း အတွင်း ဖန်တီးခဲ့သမျှ ဦးနှောက်များ အနက် ပြီးပြည့်စုံသည့် လူသားဦးနှောက် ဖြစ်လာခဲ့ကြောင်း သိရသည်။

အမေရိကန် ပြည်ထောင်စု အိုဟိုင်းယိုး ပြည်နယ် တက္ကသိုလ်မှ သိပ္ပံပညာရှင် များသည် အဆိုပါ ပြီးပြည့်စုံသည့် လူသား ဦးနှောက်ကို ဖန်တီးနိုင်ရန် အတွက် အချိန်ကာလ အားဖြင့် ရက်သတ္တ နှစ်ပတ်သာ အချိန်ယူ ခဲ့ကြောင်း နှင့် ပညာရှင် များသည် ယခင်က လူသား ဦးနှောက်ကို ဓာတ်ခွဲခန်း အတွင်း ဖန်တီးနိုင်ရန် အတွက် ကြိုးပမ်းခဲ့ သော်လည်း လူသား၏ ကိုယ်အင်္ဂါ အစိတ်အပိုင်း တစ်ခု သို့မဟုတ် ဦးနှောက်ဆိုင်ရာ အခြားအင်္ဂါ တစ်ခု အဖြစ်သာ ဖန်တီးနိုင်ခဲ့ သောကြောင့် အောင်မြင်မှု မရရှိခဲ့ကြောင်း အိုဟိုင်းယိုး ပြည်နယ် တက္ကသိုလ်မှ ရန်းနီအာနန် က ပြောကြား ခဲ့ကြောင်း သိရသည်။

Scientists grow almost fully formed human brain in a lab for the first time

#PyiChitThar

No comments:

Post a Comment