CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, August 25, 2015
ဗဟိုဘဏ်၏ငွေလဲညွှန်းကိန်းများ ဆက်လက်မြင့်တက်နိုင်ဟုဆို ရွေးကောက်ပွဲ ကျင်းပချိန်အထိ အမေရိကန် ဒေါ်လာဈေး မြင့်တက်ဖွယ်ရှိ
ရန်ကုန် သြဂုတ် ၂၅
မြန်မာနိုင်ငံ တွင် ငွေလဲဈေးနှုန်း ကောင်တာများ၏ ဈေးကွက်နည်း ပါးနေသောကြောင့် ပြင်ပငွေလဲ ဈေးကွက်ကြီး စိုးနေဆဲဖြစ်ရာ ဗဟို ဘဏ်၏ငွေလဲနှုန်း သတ်မှတ်ချက် မှာလည်း ဆက်လက် မြင့်တက်နေ ဖွယ်ရှိကြောင်း စီးပွားရေး ပညာရှင် ဒေါက်တာအောင်ကိုကိုကပြော သည်။
''ဗဟိုဘဏ် ကိုယ်တိုင်က ပြင်ပ ဈေးကိုကြည့်ပြီး ငွေလဲဈေးနှုန်းဖွင့် နေတယ်လို့ထင်ပါတယ်။ အဓိက ပြဿနာကဈေးကွက်လိုအပ်ချက်နဲ့ မြန်မာငွေတန်ဖိုးကို မထိန်းချုပ်နိုင် လို့ပါပဲ''ဟု ၄င်းက ဆက်ပြော သည်။
ယခုတစ်ပတ်အတွင်း မြန်မာ ကျပ်ငွေနှင့် ဒေါ်လာလဲလှယ်မှုဈေး နှုန်းမှာ တစ်ဒေါ်လာလျှင် ပြင်ပ ပေါက်ဈေး မြန်မာကျပ်ငွေ ၁၃ဝဝ ဝန်းကျင်အထိရောက်ရှိလာရာ အ ထွေထွေရွေးကောက်ပွဲ ကျင်းပချိန် အထိ ဆက်လက်မြင့်တက်ဖွယ်ရှိ ကြောင်း ပြင်ပငွေလဲအကျိုးဆောင် များက သုံးသပ်သည်။
''တစ်ဒေါ်လာကို ကျပ် ၁၅ဝဝ လောက်အထိ ရောက်လာနိုင်ပါ တယ်။ ဘာကြောင့်လဲဆိုရင် လတ် တလောမှာက အိမ်ခြံမြေဈေးကွက် တွေက အေးနေတယ်။ ကုန်သွယ်မှု ဘက်ကလဲ သွင်းကုန်ဆက်တက် နေပါတယ်''ဟု ရန်ကုန်မြို့ရှိ ပြင်ပ ငွေလဲအကျိုးဆောင်တစ်ဦးက ပြော သည်။
ဗဟိုဘဏ်၏ငွေလဲနှုန်းများမှာ လည်း ပြင်ပဈေးကွက်အတိုင်း ဆက်လက်မြင့်တက်မှုဖြစ်ပေါ်နိုင် ကြောင်း ငွေလဲဈေးကွက်ကျွမ်း ကျင်သူများက ပြောသည်။
''ဗဟိုဘဏ်အနေနဲ့ လုပ်ထုံး လုပ်နည်းတွေနဲ့အညီ ငွေလဲနှုန်း သတ်မှတ်ရမှာပါ။ ငွေလဲနှုန်းနဲ့ ပတ်သက်တဲ့လုပ်ငန်းစဉ်တွေမှာ ဘာအားနည်းချက်တွေရှိသလဲဆို တာ ပြန်လည်သုံးသပ်သင့်ပါပြီ'' ဟု စီးပွားရေးပညာရှင်ဒေါက်တာ မောင်မောင်စိုးကပြောသည်။
နိုင်ငံတကာဈေးကွက်အတွင်း ဒေါ်လာငွေတန်ဖိုးမြင့်တက်လျက် ရှိသော်လည်း မြန်မာနိုင်ငံရှိ ငွေလဲ လှယ်မှုနှုန်းမှာ ဆက်တိုက်မြင့်တက် လျက်ရှိရာ အစိုးရသစ်လက်ထက် ကာလအတွင်း အမြင့်ဆုံးအနေအ ထားသို့ရောက်ရှိလျက်ရှိသည်။
ယခုတစ်ပတ်အတွင်း တစ်ဒေါ် လာလျှင် မြန်မာကျပ်ငွေ ၁၂၈ဝ အထိ ဗဟိုဘဏ်က တိုးမြင့်သတ် မှတ်ခဲ့ပြီး ပြင်ပငွေလဲဈေးနှုန်းမှာ ကျပ် ၁၃ဝဝ ဝန်းကျင်အထိရှိ ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်
The Union Daily
http://uniondaily.net
ဗဟိုဘဏ်၏ငွေလဲညွှန်းကိန်းများ ဆက်လက်မြင့်တက်နိုင်ဟုဆို ရွေးကောက်ပွဲ ကျင်းပချိန်အထိ အမေရိကန် ဒေါ်လာဈေး မြင့်တက်ဖွယ်ရှိ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 25, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 25, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment