Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, August 1, 2015

ပဲခူးဝန်ကြီးချုပ် ဦးဥာဏ်ဝင်းရဲ့ပြည်သူတွေကို နှိမ်ချစော်ကားလိုက်တဲ့စကား



ပဲခူးဝန်ကြီးချုပ် ဦးဥာဏ်ဝင်းရဲ့ပြည်သူတွေကို နှိမ်ချစော်ကားလိုက်တဲ့စကား
ယနေ့ပဲခူးမြို့ရေးဘေးဒုက္ခသည်ပြည်သူများခေတ္တနေထိုင်ရာမိုးလုံလေလုံအားကစားကွင်းကို
ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဥာဏ်ဝင်းလာပါတယ်။
တိုက်ဆိုင်မှုလားတော့မသိဘူး။သူလာမယ့်နေမှာ တစ်ခါမှမမြင်ဘူးတဲ့
ကျန်းမာရေးစောင့်ရှောက်တဲ့ ဆရာမတွေလာပါတယ်။
ခပ်တည်တည်ပဲ။တစ်ခါမှမလာဘူးပဲဝန်ကြီးချုပ်လာခါနီးမှ
ကျန်းမာရေးစောင့်ရှောက်မှုပဲအမြဲတမ်းပေးနေသလိုဘာလိုလိုနဲ့
ဆေးတွေကိုရှေ့မှာချပြီး ခုံတွေနဲ့ဆေးခန်းထိုင်သလို လာထိုင်နေကြလေရဲ့။
မကြာပါဘူး။ဝန်ကြီးချုပ်လာပါရော။ပြီးတော့ မောင်မင်းကြီးသားကပြည်သူတွေ
ကို မိန့်ခွန်းခြွေလေရဲ့။ပါးရိုက်ပြစ်ခြင်စရာ ဘာမိန့်ခွန်းခြွေတယ်
မှတ်လဲ အရပ်ကတို့??
"အခုလို ဘာမှမလုပ်ပဲ လာလှူတာလေး
တွေစားနေရလို့ နောက်နှစ်ဒီလိုဖြစ်ပါစေ
လို့မဆုတောင်းကြနဲ့   "တဲ့
ကျမတော်တော်ကိုဒေါသထွက်မိပါတယ်။ပြည်သူတွေဟာ အိုးအိမ်ကိုပြစ်ထားခဲ့ရပြီး
စိတ်ဆင်းရဲစွာ နေနေထိုင်နေရတာကိုသူစိတ်နဲ့နှိုင်းပြီး အခုလိုပြောသွားတာ
အရမ်းကိုစိတ်တိုမိတယ်။
တစ်ကယ်ပါပဲရှင်
Bago Thu
https://www.facebook.com/permalink.php?story_fbid=1448514305475697&id=100009514256162

ဝန်ကြီးတွေကတော့ တပါးထက်တပါး သူ့ ထက်ငါ လူစွမ်းကောင်းတွေ့ ချဉ့် အရပ်ကတို့ ရေ။"အခုလို ဘာမှမလုပ်ပဲ လာလှူတာလေးတွေစားနေရလို...
Posted by The Melting Pot 4 U on Saturday, 1 August 2015

No comments:

Post a Comment