Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, August 1, 2015

Facebook ရဲ့ ဒစ်ဂျစ်တယ် အမွေဆက်ခံခြင်း လုပ်ဆောင်ချက် Legacy Contacts

ဒီနှစ် အစောပိုင်းမှာကတည်းက Facebook ဟာ "Legacy Contacts" လို့ ခေါ်တဲ့ Facebook အကောင့်ကို အမွေဆက်ခံခွင့်ပေးတဲ့ လုပ်ဆောင်ချက် တစ်ရပ်ကို ကြေညာခဲ့ပါတယ်။

ဒီ ၀န်ဆောင်မှု ကို ဗြိတိန် နိုင်ငံ မှာ စတင်အသုံပြုခွင့်ပေးထားပြီးဖြစ်တဲ့အတွက် ၃၅ သန်းသော ဗြိတိန် နိုင်ငံ အတွင်း က Facebook သုံးစွဲသူတွေဟာ သူတို့ သေဆုံးသွားတဲ့အခါမှာ သူတို့ရဲ့ လူမှုမီဒီယာ အကောင့်တွေကို သူတို့ရဲ့ သူငယ်ချင်း တစ်ယောက်ယောက် (သို့) ချစ်တဲ့ သူတစ်ယောက်ကို ဆက်လက် ထိန်းသိမ်းဖို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

ဒီ ၀န်ဆောင်မှု ကို အသုံးပြုပြီး သင့်ရဲ့ ဒစ်ဂျစ်တယ် အမွေဆက်ခံသူ ကို သတ်မှတ်ရမှာ ဖြစ်ပါတယ်။ အကယ်၍ သင်ဟာ သေဆုံးသွားတဲ့အခါမှာ တစ်စုံတစ်ယောက်ကို ဒစ်ဂျစ်တယ် အမွေ ဆက်ခံစေလိုချင်း မရှိရင်လည်း သေဆုံးသွားတဲ့အခါမှာ အကောင့်ကို အလိုလျောက် ဖျက်ဆီး ဖို့ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် သင်သေဆုံးကြောင်းကိုတော့ တစ်ယောက်ယောက်က Facebook ကို အကြောင်းကြားထားပေးဖို့လိုပါတယ်။

ဒီ ၀န်ဆောင်မှု အရ အမွေဆက်ခံသူဟာ သေဆုံးသွားသူရဲ့ Facebook အကောင့်ကို ၀င်ရောက်ပြီး Post တင်ခြင်း နဲ့ Profile ဓါတ်ပုံ ပြောင်းလဲခြင်းတို့ကို ပြုလုပ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Friend Request တွေကိုလည်း လက်ခံ ခြင်း ၊ ပယ်ဖျက်ခြင်းတို့ ကိုပြုလုပ်နိုင်ဦးမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း Facebook အကောင့်ကို အမွေဆက်ခံထားသူဟာ တင်ထားပြီးသား Post တွေကို edit လုပ်ခြင်း ၊ ဓါတ်ပုံများတွင် Tag ပြုလုပ်ထားသည်များကို ဖယ်ရှားခြင်း တို့အပြင် အကောင့်အား ဖျက်ဆီးခြင်းတို့ကို ပြုလုပ်နိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

င်္Facebook ဟာ Legacy Contacts လုပ်ဆောင်ချက်အတွက် တစ်စုံတစ်ယောက်ကို ရွေးချယ်ဖို့အတွက် ညာဘက်အပေါ်ထောင့်မှာရှိတဲ့ Options က တစ်ဆင့် Security Option ထဲဝင်ရောက်ပြီး တစ်စုံတစ်ယောက်ရဲ့ နာမည်ကို ထည့်သွင်းကာ အမွေဆက်ခံသူအဖြစ် သတ်မှတ်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

( Mario ) - သစ်ထူးလွင်

No comments:

Post a Comment