CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, August 31, 2015
စည်းလုံးညီညွတ်ကြဖို့ မလေးရှား ၀န်ကြီးချုပ် တောင်းဆို
မလေးရှားနိုင်ငံ ၀န်ကြီးချုပ် နာဂျစ် ရာဇက်က ရာထူးက နှုတ်ထွက်ဖို့ ငြင်းဆိုလိုက်ပြီး အမျိုးသားစည်းလုံးညီညွတ်ဖို့ တောင်းဆိုလိုက်ပါတယ်။
ဝန်ကြီးချုပ် နာဂျစ် ရာဇက်ကို ရာထူးကနေ နှုတ်ထွက်ပေးဖို့ တောင်းဆိုဆန္ဒပြမှုတွေ အပြီးမှာ အခုလို ငြင်းဆိုလိုက်တာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ် နာဂျစ် ရာဇက်ဟာ သူ့ကိုယ်ပိုင် ဘဏ်စာရင်းထဲ ဒေါ်လာသန်း ရာပေါင်းများစွာ ရှိနေတာနဲ့ ပတ်သက်လို့ အများပြည်သူုပိုင်ငွေထဲမှ ယူတယ်ဆိုပြီး ဆန္ဒပြသူတွေက စွပ်စွဲပြောဆိုကာ ရာထူးမှ ဆင်းပေးဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။
မစ္စတာ နာဂျစ် ရာဇက်ကတော့ ဒီမိုကရေစီအခြေခံတဲ့ နိုင်ငံမှာ အခုလို ဆန္ဒပြတောင်းဆိုမှုတွေဟာ မှန်ကန်တဲ့ ဖော်ထုတ်တောင်းဆိုမှုတွေ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပြီး အများပြည်သူပိုင်ငွေထဲမှာ ဒေါ်လာ သန်း ၇၀၀ ယူတယ်ဆိုတဲ့စွပ်စွဲချက်ကို ငြင်းဆိုခဲ့ပါတယ်။
မလေးရှား လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေး ဧဂျင်စီကတော့ မစ္စတာ နာဂျစ်ရာဇက် ရဲ့ငွေတွေဟာ နိုင်ငံခြား အလှူရှင်တွေထံမှ ငွေတွေဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ စနေ့ တနင်္ဂနွေ နှစ်ရက်မှာ ကွာလာလမ်ပူမြို့ လမ်းမတွေမှာ လက်ရှိဝန်ကြီးချုပ် နာဂျစ်ရာဇက်ကို ရာထူးကနေ ဖြုတ်ချဖို့ တောင်းဆို ဆန္ဒပြခဲ့ကြတဲ့ လူထောင်ပေါင်းများစွာထဲမှာ ၀န်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်ဒ်လည်း ပါဝင်ခဲ့ပါတယ်။
BBC Burmese
https://www.facebook.com/bbcburmese
စည်းလုံးညီညွတ်ကြဖို့ မလေးရှား ၀န်ကြီးချုပ် တောင်းဆို
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 31, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment