Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 2, 2015

စမ်းချောင်းရဲစခန်းရှေ့မှာ ဘာသာရေးစော်ကားတဲ့ မူဆလင်ကုလား ခင်မောင်မြင့်ကိစ္စ






စမ်းချောင်းရဲစခန်းရှေ့မှာ ဘာသာရေးစော်ကားတဲ့ မူဆလင်ကုလား ခင်မောင်မြင့်
ကိစ္စ မကွေးကျောင်းဆရာတော် ဦးပါမောက္ခ နှင့်မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ မှအတွင်းရေးမှူးဦးသုစိတ္တ နှင့် အဖွဲ့ဝင်များ၊
မြန်မာ့အမျိုးသားရေးကွန်ယက် ဥက္ကဋ္ဌ ဦးဝင်းကိုကိုလတ်၊ အထွေထွေအတွင်းရေးမှူး နောင်တော်လေး နှင့် အဖွဲ့ဝင်များသည် အမှုဆောင်ရွက်ထားရှိမှုအခြေအနေကို
ယနေ့
မွန်းလွဲ(၂း၁၀)နာရီတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးဦးဝင်းမြင့်ဦး ထံသို့ သွားရောက်မေးမြန်း စုံစမ်းကြရာ
မြို့နယ်ရဲတပ်ဖွဲ့မှူး မှ အမှုဖွင့်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း အမှုတွဲတွင် ပုဒ်မ၂၉၄၊ ၂၉၅၊၂၉၅(က)တို့ဖြင့် အမှုဖွင့်ထားရှိမှုအခြေအနေကို ဆရာတော်အား ရှင်းလင်းလျှောက်ထားပါသည်။
တရားခံအား ရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံတွင်စစ်ဆေးဆောင်ရွက်လျက်ရှိပြီး မနက်ဖြန်(၃-၈-၂၀၁၅) ရက်နေ့တွင် စိတ်ကျန်းမာရေးဆေးရုံ မှ ဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းလျက်ရှိပြီး ၎င်းဆုံးဖြတ်ချက်ပေါ်မူတည်၍ ဆက်လက်အရေးယူဖမ်းဆီးဆောင်ရွက်မှာဖြစ်ကြောင်း သိရှိရပြီး
အမှုတွဲအား မြို့နယ်ဥပဒေအရာရှိထံ အကြံတောင်းခံတင်ပြသည့် အခါတွင်လည်း
ပုဒ်မ-၃၅၃ နှင့် ပုဒ်မ ၅၀၆ တို့ကိုပါ ထည့်သွင်းပေးရန်
ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရပါသည်။
အမှုနှင့်ပတ်သက်၍ မူဆလင်ကုလား ခင်မောင်မြင့်၏ စိတ်ကျန်းမာရေး အခြေအနေကို စစ်ဆေးပေးရန် ဆေးရုံသို့ အကြောင်းကြားစာ၊ မျက်မြင်သက်သေများအား စစ်ဆေးထားရှိမှု၊ အခင်းဖြစ်မှတ်တမ်းဓာတ်ပုံများနှင့် ဘာသာရေးစော်ကားထားသောပြောဆိုမှုစာသားများတွဲလျက်ရေးသားထားသော အမှုစစ်ဖိုင်၊ ရဲဝန်ထမ်းများအား ဆဲဆိုပြောဆိုထားသော စာသားများ၊ စသည့်အမှုတည်ဆောက်ထားမှုအား ရှင်းလင်း ပြသပါသည်။
စိတ်ကျန်းမာရေးဆေးရုံ သို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ကိုယ်တိုင်နှင့် စခန်းမှူးတို့က (၂)ကြိမ်သွားရောက်ကြည့်ရှုထားပါကြောင်းနှင့် ၎င်းအား ရဲတပ်ဖွဲ့သို့ မအပ်နှံပဲ ပြန်မလွှတ်ရန် သေချာစွာ မှာကြားထားပါကြောင်း၊ တရားရုံးသို့ စွဲဆိုတင်ပို့ရာတွင်လည်း မိမိတို့ မှန်ကန်စွာထွက်ဆိုပါမည်ဟု အာမခံပါကြောင်း ပြောကြားပါသည်။
ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို
အများပြည်သူကျေနပ်စေရန် ဆရာတော်တို့ထံ အကြောင်းကြားပေးမှာဖြစ်ကြောင်း သိရပါသည်။
ဦးဝင်းကိုကိုလတ်
ဥက္ကဋ္ဌ
မြန်မာ့အမျိုးသားရေးကွန်ယက်
ဖုန်း-၀၉ ၇၉၃ ၄၄၀ ၉၆၉
၂-၈-၂၀၁၅

No comments:

Post a Comment