CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, July 12, 2015
ကင်ဆာ ရောဂါသည် ကလေးတစ်ယောက်အတွက် ဒေါ်လာ ၅ သောင်းလှုခဲ့တဲ့ Taylor Swift
Taylor Swift ရဲ့ ပရိတ်သတ်တွေဟာ သူမရဲ့ ဂီတ ကို ချစ်ကြပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ သနားကြင်နာတတ်မှု တွေကတော့ လူတိုင်းရဲ့ ပါးစပ်ဖျားမှာ Swiftie ဆိုပြီး အမှတ်ရသွားစေခဲ့ပါတယ်။
ပရိတ်သတ်တွေကို မထင်မှတ်ထားတဲ့ တုံ့ပြန်မှုတွေ ပေးလေ့ရှိတဲ့ Taylor Swift က Arizona ပြည်နယ် ၊ Mesa မြို့မှာရှိတဲ့ Cardon Childrens Hospital မှာ တက်ရောက်ကုသနေရတဲ့ ကင်ဆာရောဂါရှင် ကလေးငယ်လေးကို ဒေါ်လာ ၅ သောင်း လှုဒါန်းခဲ့ပါတယ်။
Daily Mail သတင်းတွေအရတော့ အသက် ၁၁ နှစ်သာ ရှိသေးတဲ့ Naomi Oakes ဆိုသူကလေးဟာ Phoenix မှာကျင်းပမယ့် Taylor Swift ရဲ့ ဖျော်ဖြေပွဲကို လွဲချော်မှာ ဖြစ်တဲ့အတွက် ဒေါသထွက်နေပါတယ်။ သူဟာ အနည်းဆုံး ၆ လခန့် ဆေးရုံမှာပဲ ရှိနေရမှာပါ။
ဒါကြောင့် Naomi ရဲ့ မိသားစု ၀င်တွေက Naomi လေး လူကေးမီးယား ရောဂါကို ခံစားနေရချိန်မှာ Taylor Swift ရဲ့ Bad Blood သီချင်းဟာ ကလေးတစ်ယောက်အတွက် ဘယ်လောက် တန်ဖိုးရှိတယ်ဆိုတာကို ဗီဒီယို ရိုက်ကူးပြီး ဂရမ်မီဆုရှင် Taylor Swift ရဲ့ အာရုံစိုက်မှု ကို ရယူခဲ့ပါတယ်။
ထို ဗီဒီယို YouTube မှာတင်ပြီးမကြာခင်မှာပဲ Taylor Swift ဟာ Naomi ရဲ့ Go Fund Me စာမျက်နှာမှာ ဒေါ်လာ ၅ သောင်းလှုဒါန်းခဲ့ပြီး သူမအတွက် မက်ဆေ့ဂ်ျချန်ထားခဲ့ပါတယ်။ သူမရဲ့ မက်ဆေ့ဂ်ျကတော့
"လှပပြီးရဲရင့်တဲ့ Naomi လေး ၊ မင်း အစ်မ ရဲ့ ပွဲကို မကြည့်လိုက်ရလို့ စိတ်မကောင်းပါဘူး။ဒါပေမယ့် ဖျော်ဖြေပွဲတွေအများကြီးကျန်ပါသေးတယ်။ ဒါကြောင့် အမြန်ဆုံး သက်သာလာဖို့ကို အာရုံစိုက်ပါ။ မင်းနဲ့ မင်းမိသားစုအတွက် နွေးထွေးစွာ ပွေ့ဖက်လိုက်ပါတယ်" ။
Taylor Swift ရဲ့ သနားကြင်နာမှုအတွက် Naomi ရဲ့ မိသားစု ၀င်တွေက Taylor Swift ဟာ အံ့ဖွယ် ဂရုစိုက်တတ် တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တယ်လို့ သူတို့ရဲ့ စာမျက်နှာ မှာ ရေးသားခဲ့ကြပါတယ်။
( Mario ) - သစ်ထူးလွင်
Ref : Starpulse
ကင်ဆာ ရောဂါသည် ကလေးတစ်ယောက်အတွက် ဒေါ်လာ ၅ သောင်းလှုခဲ့တဲ့ Taylor Swift
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 12, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 12, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment