Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, July 12, 2015

ဖခင်ဖြစ်သူနှင့် နေ့လယ်စာမစားချင်သည့် ကလေး (၃)ဦး ပြစ်ဒဏ်ချမှတ်ခံရ


အုတ်ကလန်စီရင်စုတရားသူကြီး တစ်ဦးသည် ၎င်းတို့ဖခင်ဖြစ်သူနှင့် နေ့လယ်စာ အတူစားရန်ငြင်းဆန်သည့် ကလေးသုံးဦးအား ကလေးသူငယ်ဆိုင်ရာ ထိန်းသိမ်းရေးစခန်းသို့ပို့ဆောင်ရန် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်းသိရသည်။

ပြစ်ဒဏ်ချမှတ်ချက်တွင် လင်မယား ကွာရှင်းမှုတွင် သဘောတူညီခဲ့သည့် တရားရုံးအဆုံးအဖြတ်ကို ချိုးဖောက်ခဲ့သည့်အတွက် အဆိုပါ ကလေးငယ်သုံးဦးတို့သည် ၎င်းတို့ အသက် (၁၈) နှစ်ပြည့်သည်အထိ ကလေး သူငယ်ထိန်းသိမ်းရေး စခန်းတွင် နေထိုင်ရမည်ဟုပါရှိထားသည်။ အုတ်တလန် စီရင်စုတရားသူကြီးဖြစ်သူ လစ်ဆာဂေါ်ဆိုင်ကာက အသက် (၁၅) နှစ်၊ (၁၀)နှစ်နှင့် ကိုးနှစ်အရွယ်ရှိ ကလေးသုံးဦးတို့သည် ၎င်းတို့အား ထိန်းသိမ်းထားမည့် ကလေးသူငယ်ထိန်းသိမ်းရေးစခန်း ကျေးရွာတွင် ဖခင်ဖြစ်သူနှင့် တွေ့ဆုံနိုင်မည်ဖြစ်သော်လည်း မိခင်နှင့် တွေ့ဆုံနိုင်မည်မဟုတ်ဟု ပြစ်ဒဏ်ချမှတ်ထားသည်။ ထို့အပြင် ၎င်းကလေးငယ် သုံးဦးတို့သည် ဖြစ်နိုင်သမျှ၊ တတ်နိုင်သမျှ ၎င်းတို့ အချင်းချင်းလည်း ပြောဆိုဆက်ဆံခြင်းမရှိဟုလည်း တရားသူကြီးက ပြောကြားထားသေးသည်။

၂၀၀၉ ခုနှစ်တွင် အထက်ပါကလေး ငယ်သုံးဦးတို့၏ ဖခင်ဖြစ်သူနှင့် မိခင်ဖြစ်သူတို့ ကွာရှင်းပြတ်စဲမှုစတင်ခဲ့ခြင်းဖြစ်ပြီး သားသမီးအုပ်ထိန်းခွင့် တရားရုံးဆုံးဖြတ်ချက်ကို လိုက်နာခြင်းမရှိရာတွင် အုတ်ကလန် တရားသူကြီးက အထက်ပါအတိုင်း ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ အုတ်ကလန် တရားသူကြီးက အထက်ပါအမှုသည် ၎င်းကြုံတွေ့ခဲ့သည့် မိဘနှင့် သားသမီး အနေစိမ်းကားသည့်အမှုများအနက် အဆိုးဝါးဆုံးဖြစ်သည်ဟု ပြောကြားထားသည်။

The Messager

No comments:

Post a Comment