Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, July 14, 2015

Tai Chi ကိုယ်ခံပညာဟာ အိုမင်းရင့်ရော်မှုနှေးကွေးစေပြီး အရွယ်တင်နုပျိုစေတယ်လို့ဆို




သင့်ရုပ်ရည်ကို ပိုမိုနုပျိုနေစေနိုင်မယ့် သို့မဟုတ် အိုမင်းရင့်ရော်မှုဖြစ်စဉ် နှေးကွေးစေနိုင်မယ့် ကိုယ်ကာယလေ့ကျင့်ခန်းဆိုတာ ဘာလဲ။ ဒီမေးခွန်းနဲ့ ပတ်သက်ပြီး ထိုင်ဝမ် သိပ္ပံပညာရှင်တွေ ပြုလုပ်တဲ့ လေ့လာမှုတစ်ခုကနေ သိပ်မကြာသေးခင်က အဖြေပေးခဲ့ပါတယ်။
Tai Chi ခေါ် ရိုးရာအားကစားနဲ့ ကိုယ်ခံပညာဟာ အိုမင်းရင့်ရော်မှု ကာကွယ်ပေးတဲ့ အကျိုးသက်ရောက်မှုတွေ ရှိကြောင်း တွေ့ရပါတယ်။ သိပ္ပံပညာရှင်တွေက အသက် ၂၅ နှစ်အောက်ရှိ volunteer တွေကို အုပ်စု (၃) စုခွဲကာ Tai Chi ရဲ့ အိုမင်းရင့်ရော်မှု ဟန့်တားခြင်းနဲ့ အရွယ်တင်နုပျိုစေတဲ့ အကျိုးဆက်များနှို င်းယှဉ်ကာတစ်နှစ်ကြာ လေ့လာမှုတစ်ခု ဆောင်ရွက်ခဲ့ပါတယ်။ အုပ်စုတစ်စုကို Tai Chi လေ့ကျင့်စေပါတယ်။ နောက်တစ်အုပ်စုက အမြန်လမ်းလျှောက် လေ့ကျင့်ခန်းပြုလုပ်ပြီး နောက်ဆုံးအုပ်စုကျတော့ ဘာလေ့ကျင့်ခန်း အလေ့အထမှမလုပ်ပဲ နေကြပါတယ်။
Tai Chi လုပ်တဲ့အဖွဲ့မှာ ခန္ဓာကိုယ်ဖွဲ့စည်းမှုနဲ့ လုပ်ဆောင်ချက်များအတွက် အလွန်အရေးပါတဲ့  ပင်မဆဲလ် CD34+ (အဓိကဆဲလ်များ) ပွားများလာခဲ့ကြတယ်။ ပင်မသွေးဆဲလ်တွေအတွက် အဓိကဖြစ်တဲ့ ယင်းဆဲလ်တွေဟာ နဂို ဆဲလ်များအသစ်ပြန်ဖြစ်ကြတယ်လို့ ထပ်မံရှင်းပြခဲ့ပါတယ်။
Tai Chi က သွေးလည်ပတ်မှုကောင်းမွန်စေပါတယ်။ အိုမင်းရင့်ရော်မှု တားဆီးပေးတဲ့ ဒီလေ့ကျင့်ခန်းဟာ အဆင်အပြေဆုံးနဲ့ ပိုမိုလွယ်ကူတဲ့ ရွေးချယ်မှုလည်းဖြစ်တယ်လို့လည်း သိပ္ပံပညာရှင်တွေက ဖော်ပြခဲ့ပါတယ်။ 
Ref: Wellnessbin
http://www.trend.com.mm/2015/07/14/lifestyle-7155

No comments:

Post a Comment