Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 30, 2015

ရုရှားနိုင်ငံ Stonehenge ဒေသတွင် ဂြိုဟ်သားဦးခေါင်းခွံ နှင့် အရိုးစုများ တွေ့ရှိ



Skeleton With ‘Alien’ Skull Discovered In Russia

Researcher Maria Makurova told Russian news agency TASS - We have found a well preserved skeleton.

မော်စကို ၊ ၃၀-၇-၂၀၁၅

ပန်းကန်ပြားပျံ (UFO) လေ့လာရေး အဖွဲ့မှ သုတေသီ များသည် ရုရှားနိုင်ငံ စတုန်းဟန့်ခ်ျ ဒေသတွင် ဂြိုဟ်သားများ၏ ဦးခေါင်းခွံ များနှင့် အရိုးစုများကို တွေ့ရှိ ခဲ့ကြောင်း သိရသည်။

အဆိုပါ ဦးခေါင်းခွံ များနှင့် အရိုးစုများကို သုတေသီများ တွေ့ရှိမှုသည် ကမ္ဘာမြေပြင် ပေါ်သို့ ဂြိုဟ်သားများ လွန်ခဲ့သည့် နှစ်ထောင်ပေါင်း များစွာခန့်က လာရောက် ခဲ့သည် ဟူသော ပြောကြားချက်ကို အတည်ပြုပေး နိုင်ခဲ့ကြောင်း သိရသည်။

သို့သော် သုတေသီများ၏ ပြောကြားချက် မှာ ဂြိုဟ်သား များအား လိုက်လံရှာဖွေ လေ့လာ နေသည့် အခြား ပညာရှင်များ၏ အယူအဆ နှင့် ကွဲပြားလျက် ရှိသည်။ သုတေသီများ ရှာဖွေတွေ့ရှိ ခဲ့သည်ဟူသော အဆိုပါ ဦးခေါင်း ခွံများနှင့် အရိုးစုများသည် ယင်းဒေသ အတွင်းရှိ မျိုးနွယ်စုဝင် အမျိုးသမီး တစ်ဦးက ပိုင်ဆိုင်ထားပြီး ယင်း ဦးခေါင်းခွံ များကို ဂြိုဟ်သားများ ၏ ဦးခေါင်းနှင့် အသွင်တူ စေရန် ဖန်တီးခဲ့ခြင်း ဖြစ်ကြောင်း ပညာရှင်များက ပြောကြား ထားသည်။

ဆာမာတီ မျိုးနွယ်စုဝင် အမျိုးသမီး တစ်ဦးသည် အဆိုပါ ဒေသအတွင်း ရှင်သန် နေထိုင်ခဲ့စဉ် ဦးခေါင်းခွံများကို ဖန်တီးနိုင်ရန် အတွက် ၄င်း ပိုင်ဆိုင်ထားသည့် အရိုးစုများကို အသုံးပြု ခဲ့ကြောင်း ပညာရှင် များက ထပ်လောင်း ပြောကြား ထားသည်။

#PyiChitThar

No comments:

Post a Comment