Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 30, 2015

မြန်မာချင်းသတ်ရန် ကြိုးပမ်းသူတစ်ဦး အာမခံပယ်ချ


စင်ကာပူနိုင်ငံတွင် မြန်မာအမျိုးသားတစ်ဦးကို ပြန်ပေးဆွဲ သတ်ဖြတ်ရန် ကြိုးပမ်းမှုဖြင့် ဖမ်းဆီးထားသူ မြန်မာသုံးဦးအနက်မှ တစ်ဦးကို အာမခံဖြင့် အချုပ်လွတ် အမှုရင်ဆိုင်ခွင့်ပေးရန် လျှောက်ထားခြင်းကို တရားရုံးက ဇူလိုင် ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ပယ်ချခဲ့ပါသည်။
မြန်မာအမျိုးသားတစ်ဦးကို ပြန်ပေးဆွဲ သတ်ဖြတ်ရန် ကြိုးပမ်းမှုဖြင့် ဖမ်းဆီးထားသော တရားခံများ၊ ဖြိုးမင်းနိုင် (ဝဲ)၊ ရဲဝင့်အောင် (လယ်)၊ ဇော်မင်းလှိုင် (ယာ) တို့ ဖြစ်သည်။မြန်မာအမျိုးသားတစ်ဦးကို ပြန်ပေးဆွဲ သတ်ဖြတ်ရန် ကြိုးပမ်းမှုဖြင့် ဖမ်းဆီးထားသော တရားခံများ၊ ဖြိုးမင်းနိုင် (ဝဲ)၊ ရဲဝင့်အောင် (လယ်)၊ ဇော်မင်းလှိုင် (ယာ) တို့ ဖြစ်သည်။စင်ကာပူနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ဖြင့် အလုပ်လုပ်နေသော အင်ဂျင်နီယာ အေးမောင်မောင်သက် (၂၈ နှစ်) ကို အထပ်များရှိသည့် ကားပါကင်အဆောက်အအုံ မြေညီထပ်တွင် တေဆာ ခေါ် လျှပ်စစ်ထုံကျင်သေနတ်ဖြင့် တိုက်ခိုက်၍ ဖမ်းဆီးရန် ကြိုးပမ်းစဉ်က ရဲဝင့်အောင် (၃၂ နှစ်) သည် ကိုယ်တိုင်ကိုယ်ကျ ပါဝင်မှု မရှိခြင်း၊ ၎င်းသည် အမှုကို စီစဉ်ကြိုးကိုင်သူ အောင်အောင် ခေါ် ဝင်းကျော်ကျော်အောင် (၂၉ နှစ်) ၏ ဝမ်းကွဲအစ်ကိုနှင့် ဝန်ထမ်းတစ်ဦးသာ ဖြစ်ခြင်း၊ တီဘီ အဆုပ်ရောဂါ ကုသခံယူနေရသူ ဖြစ်ခြင်း စသည့် အချက်များကြောင့် ၎င်းအား အာမခံပေးရန် ၎င်း၏ ရှေ့နေ မစ္စတာ အက်စ်အက်စ် ဒီလွန်က တရားရုံးတွင် လျှောက်ထားခဲ့သည်။ ကျန်တရားခံနှစ်ဦးက အာမခံ မလျှောက်ခဲ့ပေ။
အာမခံလျှောက်ထားခြင်းကို ဇူလိုင် ၂၈ ရက်၊ ယမန်နေ့က သုံးသပ်စဉ်းစားပြီးနောက်၊ အဖမ်းခံထားရသူ သုံးဦးကို စေခိုင်းသော အဓိကတရားခံ အောင်အောင် ခေါ် ဝင်းကျော်ကျော်အောင်သည် ထွက်ပြေး လွတ်မြောက်နေဆဲ ဖြစ်ပြီး စင်ကာပူနိုင်ငံမှ တရားခံ ထွက်ပြေးနိုင်အောင် အကူအညီ ပေးနိုင်ခြင်း၊ တရားခံ ရဲဝင့်အောင်သည် စင်ကာပူနိုင်ငံတွင် ပိုင်ဆိုင်မှု ပစ္စည်းနှင့် အလုပ်အကိုင် မရှိသောကြောင့် တရားခံကို အာမခံဖြင့် လွှတ်ပေးလိုက်လျှင် ထွက်ပြေး တိမ်းရှောင်နိုင်ဖွယ် အလားအလာ ရှိခြင်း စသည့် အကြောင်းများကြောင့် ဒေသဆိုင်ရာ တရားရုံး တရားသူကြီး အက်ဒီ သမ်က အာမခံမပေးဘဲ ယနေ့ ပယ်ချလိုက်သည်။
ယမန်နေ့က တရားရုံးတွင် အမှုကို ကြားနာစစ်ဆေးရာ၌ ပြန်ပေးဆွဲ လူသတ်ရန် ကြံစည်ကြိုးပမ်းမှု၏ အကြောင်းရင်း ဖြစ်ဖွယ် ကိစ္စကိုလည်း တရားခံများ၏ ရှေ့နေတစ်ဦးက တရားရုံးသို့ ပထမဆုံးအကြိမ် တင်ပြခဲ့သည်။ ကြိုးကိုင်စေခိုင်းသူ အောင်အောင် ခေါ် ဝင်းကျော်ကျော်အောင်၏ ဇနီး အိစန္ဒီနွယ်နှင့် ပြန်ပေးဆွဲခံရမည့် အေးမောင်မောင်သက် ခေါ် သော်မဆင် သက်တို့ အိမ်ထောင်ရေး ဖောက်ပြန်မှုကိစ္စကြောင့် ယခုကဲ့သို့ ပြန်ပေးဆွဲ သတ်ဖြတ်ရန် ကြံစည်ခြင်း ဖြစ်သည်ဟု ရှေ့နေက ထုတ်ဖော် ပြောဆိုခဲ့သည်။ (၎င်းအကြောင်းရင်းကိစ္စကို ကမ္ဘာသစ်မီဒီယာက ယခင် တစ်လကျော်ကပင် ဖော်ပြခဲ့ပြီး ဖြစ်သည်။)
တရားခံပြေး အောင်အောင် ခေါ် ဝင်းကျော်ကျော်အောင်သည် ကြွယ်ဝချမ်းသာသော စီးပွားရေးလုပ်ငန်းရှင် တစ်ဦး ဖြစ်၍ စင်ကာပူနိုင်ငံတွင် ဇနီး အိစန္ဒီနွယ်၊ အသက် ၄ နှစ် နှင့် ၆ နှစ်အရွယ် သမီးလေးနှစ်ဦးဖြင့် နေထိုင်လျက်ရှိသည်။
၎င်းနှင့် စင်ကာပူနိုင်ငံတွင် PR ခေါ် အမြဲတမ်းနေထိုင်ခွင့်ရသူ ဇော်မင်းလှိုင် (၃၇ နှစ်) ၊ မြန်မာနိုင်ငံသား ဖြိုးမင်းနိုင် (၃၁ နှစ်) တို့သည် အင်ဂျင်နီယာ အေးမောင်မောင်သက် (၂၈ နှစ်) ကို ဇွန်လ ၂၀ ရက်နေ့ ည ၉း၃၀ နာရီက ကားပါကင် မြေညီထပ်တွင် တေဆာ ခေါ် လျှပ်စစ်ထုံကျင်သေနတ်ဖြင့် တိုက်ခိုက်၍ ဖမ်းဆီးရန် ကြိုးပမ်းသော အမှုဖြစ်ပါသည်။
ဇော်မင်းလှိုင်၊ ဖြိုးမင်းနိုင်နှင့် ရဲဝင့်အောင်တို့ကို နောက်နေ့တွင် စင်ကာပူရဲက ဖမ်းဆီးမိခဲ့သော်လည်း ကြိုးကိုင်စီစဉ်သူ အောင်အောင် ခေါ် ဝင်းကျော်ကျော်အောင်သည် စင်ကာပူနိုင်ငံမှ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူသို့ လေကြောင်းခရီးဖြင့် ထွက်ပြေးလွတ်မြောက်သွားသည်ဟု ယူဆရသည်။
ပြစ်မှုထင်ရှားကြောင်း တရားရုံးမှ တွေ့ရှိပါက တရားခံများသည် ထောင်ဒဏ် ၁၄ နှစ်အထိ ပြစ်ဒဏ်ကျခံရဖွယ် ရှိပါသည်။ ဒဏ်ငွေလည်း တပ်နိုင်သည်။
ဤအမှုနှင့် ပတ်သက်သောယခင်သတင်းများ-

No comments:

Post a Comment