Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 30, 2015

အင်္ဂါပူမြို့နယ်ရှိ နန်ကသူ(မြောက်)ချောင်း ရေတိုက်စား၍ ကမ်းပါးပြိုကျ


အင်္ဂါပူ ၊ ၃၀-၇-၂၀၁၅

ဧရာဝတီိတိုင်း ဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ကညွတ်ကွင်း ကျေးရွာအုပ်စု၊ သရက်ပင်အုပ် ကျေးရွာရှိ နန်ကသူ (မြောက်)ချောင်း ရေတိုက်စား မှုကြောင့် ဇူလိုင် ၂၈ ရက် နံနက်ပိုင်းတွင် အလျား ၅ဝ ပေ၊ အနံ ၅ ပေခန့် ချောင်းကမ်းပါး ပြိုကျခဲ့ရာ ချောင်းကမ်းပါး အနီးရှိ လူနေအိမ် တစ်လုံးပျက်စီး သွားခဲ့သဖြင့် မိသားစု များအား အောင်မြေရတနာ ရွာဦး ဘုန်းတော်ကြီး ကျောင်းသို့ ရွှေ့ပြောင်း ပေးခဲ့သည်။

ထို့နောက် ရေတိုက်စားရာ လမ်းကြောင်း တစ်လျှောက်မှ နေအိမ် ခုနစ်လုံး၊ အိမ်ထောင်စု ခုနစ်စု၊ လူဦးရေ ၂၅ ဦးအား ထပ်မံ ပျက်စီးမှု မရှိစေရေး ဘေးလွတ်ရာ ကုန်းတွင်းပိုင်း သို့ နေ့လယ်ပိုင်းတွင် အနောက်တောင် တိုင်းစစ် ဌာနချုပ်မှ တပ်မတော် သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး နှင့်အဖွဲ့ဝင်များ၊ ဒေသခံ ပြည်သူများ ပူးပေါင်း၍ ကူညီ ရွှေ့ပြောင်း ပေးခဲ့ကြောင်း သတင်း ရရှိသည်။

#PyiChitThar

No comments:

Post a Comment