Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, July 13, 2015

Pamplona နွားအပြေး အားကစားကို ခန္ဓာကိုယ် အပေါ်ဗလာကျင်း ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ တိရိစ္ဆာန်အခွင့်အရေး တက်ကြွလှုပ်ရှားသူများ





တိရိစ္ဆာန်အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက အဝတ်ကိုယ်တစ်ပိုင်းချွတ်ပြီး သွေးအတုတွေကို သူတို့ကိုယ်ပေါ် သုတ်လိမ်းကာ နွားအပြေးအားကစားတစ်မျိုးဖြစ်တဲ့ Pamplona Bull Run ကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
People for the Ethical Treatment of Animals (PETA) တိရိစ္ဆာန် အခွင့်အရေးဆန္ဒပြသူများအနေနဲ့ တိရိစ္ဆာန်ညှင်းပမ်းနှိပ်စက်မှုကို မီးမောင်းထိုးဖော်ပြဖို့ ခြေလက်များ ပုံစံမျိုးမျိုးကွေးကောက်စေပြီး ပုံမှာပြထားသလို နေပြခဲ့ကြပါတယ်။
သူတို့လက်ကိုင်ပိုစတာမှာ ရေးထားတာက “Pamploma ရဲ့ လမ်းကြိုလမ်းကြားတွေမှာ နွားသွေးတွေနဲ့ စွန်းထင်းနေခဲ့ပြီ” လို့ အဓိပ္ပါယ်ရတဲ့ စာတန်းရေးထိုးထားပါတယ်။
PETA ဒါရိုက်တာ Mimi Bekhechi က PETA အနေနဲ့ Runing of the Bulls ကို ပြင်းပြင်းထန်ထန်ပြစ်တင်ရှုံ့ချထားပါတယ်။ နောက်ပြီး ဒီဟာကြောင့် နွားတွေ ဆိုးဝါးပြင်းထန်စွာ နာကျင်ခံစားရမှုနဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေ ရပ်တန့်ဖို့ တောင်းဆိုလိုက်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒီဆန့်ကျင်ဆန္ဒပြမှုမှာ စပိန်နိုင်ငံ အရှေ့နဲ့တောင်ဘက်က နိုင်ငံတကာအထိ လူများထင်ရှားတဲ့ Pamplona Bull Run မတိုင်ခင်လမှာ ဖြစ်ပါတယ်။
Ref: Metro
http://www.trend.com.mm/2015/07/13/news-7140

No comments:

Post a Comment