CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, July 13, 2015
NLD ပညာဒါနကျောင်းများနဲ့ ထူးချွန်သူများကို သိန်း ၃၀၀ ချီးမြှင့်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပညာရေး ကွန်ရက်ရဲ့ ပညာဒါနကျောင်းတွေကနေ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ တဲ့ ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ရန်ကုန်တိုင်း အတွင်းက ပညာဒါနကျောင်းတွေအတွက် ထောက်ပံ့ငွေကျပ် သိန်း ၃၀၀ ကျော် ပေးအပ်ပွဲကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်မှာ ကျင်းပခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် ညှိုနှိုင်းရေးမှုး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ပညာဒါနကျောင်းတွေ ဖွင့်လှစ်ခဲ့တာနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။
"ပညာရေးနဲ့ ပတ်သက်ပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အခက်ခဲဆုံး နေရာမှာရှိတဲ့ အခက်ခဲဆုံးမိသား စုတွေရဲ့ဘဝကို ကူညီနိုင်ဖို့အတွက် ပညာဒါန ကျောင်းတွေဖွင့်ဖို့ ကြိုးပမ်းခဲ့ပါတယ်၊ ကြိုးပမ်းဆောင်ရွက်မှုတွေဟာ လွယ်လွယ်နဲ့ အောင်မြင်မှုရခဲ့တာမဟုတ်ပါဘူး၊ ကျနော်တို့ဟာ အတားဆီးအမျိုးမျိုး၊ ပိတ်ဆို့ခံရမှု အမျိုးမျိုးကြားကနေ ကျနော်တို့ကြိုးပမ်းဆောင်ရွက်ခြင်းအားဖြင့် ကျနော်တို့ဆောင်ရွက် နိုင်ခဲ့ခြင်းဖြစ်ပါတယ်၊ ဒီလိုဆောင်ရွက်နိုင်ခဲ့တဲ့ အတွက်လည်း ပြည်သူလူထုက အဖွဲ့ချုပ်ကို အစဉ်တစိုက်ထောက်ခံအားပေးနေခဲ့ကြတာဖြစ်ပါတယ်"
၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှာ ရန်ကုန်တိုင်းအတွင်းရှိ ပညာဒါနကျောင်းတွေက တက္ကသိုလ်ဝင်တန်းအောင်မြင် တဲ့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၂၆ ဦးနဲ့ ဂုဏ်ထူးရကျောင်းသား ၂၇ ဦးအထိ ရှိခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်ကဖွင့်လှစ်ထားတဲ့ ပညာဒါန ကျောင်းပေါင်း နိုင်ငံတ၀ှမ်းမှာ၂၀၀ အထိရှိ ပြီး ကျောင်းသား ကျောင်းသူ စုစုပေါင်း နှစ်သောင်းကျော် ပညာသင်ကြားနေပါတယ်။
RFA Burmese
http://www.rfa.org/burmese
NLD ပညာဒါနကျောင်းများနဲ့ ထူးချွန်သူများကို သိန်း ၃၀၀ ချီးမြှင့်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 13, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 13, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment