CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, July 1, 2015
အိန္ဒိယမှာ Maggi ခေါက်ဆွဲထုပ်တွေကို ပိတ်ပင်
အိန္ဒိယ နိုင်ငံမှာ လူကြိုက်များတဲ့ Maggi အမှတ်တံဆိပ် ခေါက်ဆွဲခြောက်ထုပ် တွေကို ဓာတ်ခွဲ စမ်းသပ်မှုအရ ကျန်းမာရေး ထိခိုက်နိုင်တဲ့ အတွက် ရောင်းချခွင့် တားမြစ်လိုက်ပါတယ်။
Nestle ကုမ္ပဏီက ထုတ်လုပ်တဲ့ အဲဒီ Maggi ခေါက်ဆွဲခြောက်ထုပ် တွေမှာ ခဲဓာတ် ပါဝင်မှုက အန္တရာယ်ရှိတဲ့ အဆင့်အထိ ပါဝင်နေတာ တွေ့ရတဲ့အတွက် အိန္ဒိယ စားသောက်ကုန် အန္တရာယ် ကင်းရှင်းရေး အေဂျင်စီက ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။
အိန္ဒိယမှာ ရောင်းချခွင့်ပြုထားတဲ့ Nestle ကုမ္ပဏီထုတ် ခေါက်ဆွဲခြောက် ၉ မျိုးစလုံးကို အရောင်းစင်တွေ ပေါ်ကနေ ပြန်သိမ်းဖို့ အဲဒီ အေဂျင်စီက ညွှန်ကြား ထားပါတယ်။
စင်ကာပူ နိုင်ငံကလည်း အိန္ဒိယ ကနေ တင်သွင်းတဲ့ ခေါက်ဆွဲခြောက်ထုပ် တွေကို တားမြစ်လိုက်ပါတယ်။
စောစောပိုင်း ကတော့ Nestle ကုမ္ပဏီက သူတို့ ထုတ်ကုန်တွေဟာ လုံးဝ အန္တရာယ် ကင်းပါတယ်လို့ ပြောခဲ့ပြီး ကြိုတင် ကာကွယ်တဲ့ အနေနဲ့သာ ရောင်းချမှုတွေကို ပြန်ရုပ်သိမ်းခဲ့တာပါ။
Maggi တံဆိပ်ဟာ အိန္ဒိယ နိုင်ငံက ခေါက်ဆွဲခြောက်ထုပ် ဈေးကွက်မှာ ၈၀ ရာခိုင်နှုန်း ဈေးကွက်ဝေစု ရှိထားတာ ဖြစ်ပါတယ်။
http://www.bbc.com/…/wor…/2015/06/150605_india_maggi_noddles
အိန္ဒိယမှာ Maggi ခေါက်ဆွဲထုပ်တွေကို ပိတ်ပင်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 01, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 01, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment