Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, July 4, 2015

Kanye West ထက် ဖန်တီးမှုအားကောင်းသူမရှိ ဟုပြောလိုက်တဲ့ Kim Kardashian



Kanye West ဟာ ဂီတ၊ အနုပညာ၊ ဖက်ရှင်စတာတွေနဲ့ ပတ်သက်ပြီး Kim Kardashian ရဲ့ ယုံကြည်မှုတွေကို ထပ်ခါထပ်ခါ ရယူပြီးဖြစ်တယ်ဆိုတာ ပြောနေဖို့တောင် မလိုတော့ပါဘူး။ ဟစ်ဟော့ပ်စတား Kanye West ဟာ Kim Kardashian ရဲ့ အောင်မြင်ကျော်ကြားမှုတွေကို reality televisionမှာတင် မဟုတ်ဘဲ သူ့ရဲ့ ဂီတလောကမှာပါ အောင်မြင်ကျော်ကြားစေနိုင်ခဲ့ပါတယ်။ Kim Kardisianရဲ့ လုပ်ငန်းတွေအပေါ် Kanye West ရဲ့သက်ရောက်မှုတွေ အကြောင်းကို Rolling Stone မျက်နှာဖုံးရိုက်ရင်းနဲ့ အင်တာဗျူးခဲ့ပါတယ်။

“သူ့ထက် ဖန်တီးမှုအားကောင်းသူ မရှိတော့ပါဘူး။ သူဟာ ကျွန်မရဲ့လုပ်ငန်းတွေအပေါ်မှာ အများကြီး အကျိုးဖြစ်ထွန်းပြီး အကူအညီဖြစ်ပါတယ်။ စင်ပေါ်မှာ ကျွန်မသီချင်း တက်ဆိုမယ်လို့လည်း ရှင်တို့ ထင်မထားဘူးဟုတ်လား။ ဒါတွေကျွန်မမှ မလုပ်တာ။” လို့ သူမကပြောပါတယ်။

Michael Jackson ရဲ့ တူဖြစ်သူ TJ နဲ့ Kim Kardisian ဟာ ပထမဆုံးလူမျိုးမတူ အတွဲ ဖြစ်ခဲ့ဖူးပြီး ၄င်းနဲ့ချိန်းတွေ့ခဲ့တဲ့အကြောင်း အသေးစိတ်ကိုလည်း ပြောပြခဲ့ပါသေးတယ်။ “ကလေးဘ၀တုန်းက၊ မိုက်ကယ်ဂျက်ဆင်တို့လို ဂီတဖျော်ဖြေပွဲတွေကို စနေ၊ တနင်္ဂနွေတိုင်း ကြည့်ဖြစ်ကြတယ်လေ။ ကျွန်မ ပထမဆုံးကြည့်ဖူးတာကတော့ Earth, Wind and Fire.” လို့ သူမကရှင်းပြခဲ့ပါတယ်။

Skyler - Trend Myanmar

No comments:

Post a Comment