Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, July 4, 2015

လေဆိပ်က X-ray စက်ထဲ ကြောင်ကိုထည့်ခဲ့လို့ ကယောက်ကယက်ဖြစ်ကြ


လာ့စ်အန်ဂျလိစ်လေဆိပ်က အိတ်တွေစစ်ဆေးတဲ့ လုံခြုံရေး X-ray စက်ထဲကို လူတစ်ယောက်ဟာ သက်ရှိကြောင်တစ်ကောင်ထည့်ဖို့ ကြိုးစားခဲ့တဲ့အတွက် လုံခြုံရေးဆောင်ရွက်နေသူများဟာ ကယောက်ကယက်ဖြစ်ခဲ့ကြရပါတယ်။

၎င်းကြောင်ကို အိမ်မွေးတိရစ္ဆာန် သယ်တဲ့ လှောင်ချိုင့်နဲ့သယ်ယူရမယ့်အစား သာမန်အိတ်တစ်လုံးထဲမှာ ထည့်ထားခဲ့တာပါ။ ကြောင်ပိုင်ရှင်ဟာ Laptops နဲ့ အခြားပစ္စည်းတွေကို စစ်ဆေးဖို့အတွက်ကိုလည်း တာဝန်သိသိနဲ့ အိတ်တွေဖွင့်ပြခဲ့ပါသေးတယ်။ ကြောင်ကိုတော့ ပစ္စည်းသေတ္တာတွေထဲက တစ်ခုမှာ ထိုင်စေခဲ့ပါတယ်။ လုံခြုံရေးဝန်ထမ်းက သတိမထားမိခင်မှာ ကြောင်က X-rayစက်ထဲကို ၀င်ရောက်သွားခဲ့တဲ့အတွက် တန်းစီနေတဲ့လူတွေက အော်ဟစ်ကြပါတော့တယ်။

လေဆိပ်မှာ ကယောက်ကယက်ဖြစ်ခဲ့ကြသူတွေထဲမှာ ဟာသပညာရှင်များဖြစ်ကြတဲ့ Randy နဲ့Jason Sklar (ခေါ်) Sklar ညီအစ်ကိုများလဲ ပါရှိခဲ့ပြီး နောက်တော့ သူတို့ဟာ ဒီအကြောင်းကိုInstagram ပေါ်မှာ တင်ခဲ့ကြပါတယ်။

တိရိစ္ဆာန်တွေကို X-ray စက်ထဲ ဘယ်တော့မှမထည့်ရကြောင်းကို “သင်တို့တိရိစ္ဆာန်တွေကို X-ray စက်ထဲ ဘယ်တော့မှ မထည့်ရဘူး။ သူတို့ကိုသယ်လာတဲ့ လှောင်ချိုင့်ထဲကနေ ထုတ်ပြီးမှ အဲ့ဒီ့လှောင်ချိုင့်ကို စစ်ဆေးဖို့အတွက် X-ray စက်ထဲထည့်ပါ။” လို့ သယ်ယူပို့ဆောင်ရေးလုံခြုံရေးအရာရှိက ပြောပါတယ်။ လုံခြုံရေးအရာရှိတွေကို တိရိစ္ဆာန်တွေပါလာကြောင်း အသိပေးရမှာဖြစ်ပြီး စစ်ဆေးနေရာရောက်တဲ့အခါ မိမိရဲ့ အိမ်မွေးတိရစ္ဆာန်နဲ့အတူတူ သတ္တုဒီတက်တာ ကတဆင့်ဖြတ်လျှောက်ရမှာဖြစ်ပါတယ်။

လေဆိပ်က X-ray ရဲ့ ရောင်ခြည်လွှတ်နှုန်းဟာ အားပျော့တဲ့အတွက် ကြောင်လေးကိုတော့ ဘာမှ မထိခိုက်ခဲ့ပါဘူး။

Trend Myanmar

No comments:

Post a Comment