Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, July 7, 2015

ရုရှားနိုင်ငံထုတ် အင်ဂျင်များ တပ်ဆင်ထားသည် J-10B တိုက်လေယာဉ်များကို တရုတ်နိုင်ငံက ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချ နိုင်ဖွယ်ရှိ


အော့တ၀ါ ၊ ၇-၇-၂၀၁၅

ရုရှားနိုင်ငံထုတ် AL 31 FN-S 3 အင်ဂျင် တပ်ဆင်ထားသည့် တရုတ်နိုင်ငံ၏ J-10B အမျိုးအစား တိုက်လေယာဉ်ကို ပါကစ္စတန် နိုင်ငံနှင့် အာရှ၊ လက်တင် အမေရိကနှင့် အာဖရိကဒေသ တို့မှ အခြား ဝယ်ယူနိုင်ဖွယ် ရှိသော နိုင်ငံများထံသို့ အနာဂတ် ကာလ အတွင်း တင်ပို့ရောင်းချ နိုင်ဖွယ်ရှိကြောင်း ကနေဒါနိုင်ငံ အခြေစိုက် တရုတ် ဘာသာဖြင့် ရေးသား ထုတ်ဝေသော Kanwa Defence Review မဂ္ဂဇင်းတွင် ရေးသား ဖော်ပြထားကြောင်း Newsnow သတင်း တစ်ရပ်အရ သိရသည်။

Chengdu လေယာဉ် ထုတ်လုပ်ရေး စက်မှုလုပ်ငန်း အဖွဲ့သည် ၂ဝ၁၄ ခုနှစ်အတွင်း J-10B တိုက်လေယာဉ် အမြောက်အမြား စတင် ထုတ်လုပ်ခဲ့ရာ ၁၄ စင်းကို တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် လေတပ်၏ အမှတ်အသား များဖြင့် ဆေးသုတ်ထားပြီး ဖြစ်၍ စစ်ဘက်သို့ လွှဲပြောင်းပေးအပ် ခဲ့ကြောင်း သိရသည်။

တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် အနေဖြင့် တိုက်လေယာဉ် တပ်ရင်းကြီး တစ်ရင်းအား ၂ဝ၁၅ ခုနှစ် မကုန်မီ ဖွဲ့စည်းရန် အတွက် J-10B တိုက်လေယာဉ် ၂၄ စင်းကို တပ်တော်သွင်း သွားမည် ဖြစ်သည်။

ရုရှားနိုင်ငံ အနေဖြင့် J-10B တိုက်လေယာဉ်၏ ပါဝါစနစ်များကို တိုးတက်ကောင်း မွန်စေရန်အတွက် အဆင့်မြင့် AL 31 FN အင်ဂျင်များကို တရုတ်နိုင်ငံသို့ ရောင်းချရန် သဘောတူညီ ခဲ့ကြောင်းနှင့် အဆိုပါ အင်ဂျင်များ၏ ပထမဆုံး အသုတ်ကို ၂ဝ၁၅ ခုနှစ် အတွင်း တရုတ်နိုင်ငံသို့ ပေးပို့ရန် မျှော်မှန်း ထားကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment