Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, July 7, 2015

ကြွက်သားနာကျင်မှု အတွက် အသုံးပြုနိုင်မည့် နာနိုဝိုင်ယာ နည်းပညာဖြင့် ငွေပိုက်ကွန်များ ဖန်တီး




ဆိုးလ် ၊ ၇-၇-၂၀၁၅

လက်မောင်းနှင့် ခြေထောက် များတွင် ကြွက်သား နာကျင်မှုများ ဖြစ်ပေါ်တိုင်း အပူပေး အချပ်များ ကပ်ခြင်း၊ ဆေးလိမ်းခြင်း ကို မနှစ်သက် သူများအတွက် ကိုရီးယား သုတေသီ များက နာနိုဝိုင်ယာ နည်းပညာဖြင့် အပူပေးကာ ကြွက်သား နာကျင်မှုဒဏ်ရာ ပျောက်ကင်း စေနိုင်မည့် ငွေပိုက်ကွန် တစ်မျိုးကို ဖန်တီးခဲ့ကြောင်း သိရသည်။

ကြွက်သားများ ရောင်၍ နာကျင်သည့်အခါ ရေနွေး ထည့်ထားသော ရေဘူးကို အသုံးပြု၍ နာကျင်သည့် နေရာ၌ ဖိထားခြင်းက နာကျင်မှုကို သက်သာစေ သော်လည်း ရေဘူးများက အချိန်တန်လျှင် အပူချိန် လျော့ကျသွား နိုင်သည်။ ကြွက်သား နာကျင်မှု သက်သာစေရန် အတွက် အပူပေးသော အချပ်များကို အသုံးပြုနိုင် သော်လည်း ၄င်းတို့ကို အလုပ်လုပ် စေနိုင်ရန် အတွက် လျှပ်စစ်မီး လိုပြန်သည်။ ထို ငွေပိုက်ကွန် တွင် အပူထိန်း နိုင်သည့် စနစ်ပါဝင်ပြီး ဒဏ်ရာ သက်သာရန်၊ အပူပေး နိုင်ရန် အပူပေး ရာတွင်လည်း ဘက်ထရီကို အသုံးပြုကြောင်း သိရသည်။

အခြေပြုသိပ္ပံ တက္ကသိုလ် IBS မှ သုတေသီ များသည် နာနိုဝိုင်ယာ နည်းပညာဖြင့် ထုတ်လုပ် ထားသော အဆိုပါ ငွေပိုက်ကွန် များကို ဆန့်နိုင်ကျုံ့နိုင်ရန် ဖော်စပ် ထားသဖြင့် ခြေ၊လက်တို့ ပေါ်တွင် သက်သောင့် သက်သာ ဝတ်ဆင် ထားနိုင်သည်။ အဆိုပါ ငွေပိုက်ကွန် ကို ဝတ်ဆင်သူက မည်သို့ပင် လှုပ်ရှား နေပါစေ အရိုး ၊ အဆစ် တို့ကို ဆက်လက် အပူပေး နိုင်ကြောင်း၊ အပူပေး၍ ကြွက်သား ဒဏ်ရာကို ကုသရာတွင် ဝတ်ဆင် ထားသော နေရာ၌ တင်းကျပ်စွာ ပတ်ထားနိုင်ပြီး ၄င်း၏ မျက်နှာပြင် တစ်ခုလုံးမှ အပူထုတ်လွှတ် နိုင်ကြောင်း ၊ အရွယ်အစား ကြီးမားပါက ခန္ဓာကိုယ် ပေါ်တွင် ဝတ်ဆင်နိုင်ပြီး အလွန်အေးသော ဒေသ များတွင် အသုံးဝင်မည့် အသုံး အဆောင် ပစ္စည်းတစ်မျိုး ဖြစ်လာ နိုင်ကြောင်း သိရသည်။

ယခင်ကလည်း ငွေပိုက်ကွန် ကဲ့သို့ နည်းပညာ များကို ပညာရှင် များက ထုတ်လုပ်ရန် ကြိုးပမ်းခဲ့ သော်လည်း ကာဗွန်နာနို ပြွန်များ နှင့် ရွှေများကို အသုံးပြုခဲ့ သောကြောင့် ရရှိလာသော ရလဒ်မှာ ဝယ်ယူ သုံးစွဲရန် အတွက် ဈေးမြင့်မား ခဲ့သည်။ ယခုအခါ ပညာရှင် များက ပို၍ အသုံးဝင် နိုင်ရန်အတွက် ငွေဖြင့် နာနိုဝိုင်ယာများ ကိုဖန်တီးကာ လိုအပ်သော ရလဒ် တစ်ခုကို ရရှိလာပြီ ဖြစ်ကြောင်း သိရသည်။ ရရှိလာသော နာနိုဝိုင်ယာ များကို ကျုံ့နိုင်၊ ဆန့်နိုင်သော အရည်တစ်မျိုး နှင့်ပေါင်းစပ် သဖြင့် ခြောက်သွေ့ လာသော် ပျော့အိပြီး ဆွဲဆန့် နိုင်ကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment