Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, July 7, 2015

တရုတ်နိုင်ငံက HQ-9 လေကြောင်းရန် ကာကွယ်ရေးဒုံးကျည်များကို ကက်ရှ်မီးယား နယ်စပ်အနီးတွင် တပ်ဖြန့်ချထား

HQ-9 လေကြောင်းရန် ကာကွယ်ရေးဒုံးကျည်များကို တွေ့ရစဉ်

ပေကျင်း ၊ ၇-၇-၂၀၁၅

တရုတ်နိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် ဖြစ်ပေါ် လာနိုင်ဖွယ် ရှိသည့် ပိုင်နက် အငြင်းပွားမှု တစ်ခုအတွက် ကြိုတင် ပြင်ဆင်သည့် အနေဖြင့် HQ-9 လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်များကို နိုင်ငံ အနောက်မြောက် ပိုင်း ရှင်ကျန်း ဝီဂါ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၏ တောင်ဘက်ရှိ Hetian လေတပ် အခြေစိုက် စခန်း၌ တပ်ဖြန့်ချထား ခဲ့ကြောင်း Newsnow သတင်း ဌာနမှ ဇူလိုင် ၆ ရက်တွင် ဖော်ပြ ထားသည်။

ံHetian လေတပ် အခြေစိုက် စခန်းသည် အိန္ဒိယနိုင်ငံက ထိန်းချုပ်ထားသော ကက်ရှ်မီးယား ဒေသမှ ၁၆၁ မိုင်အကွာတွင် တည်ရှိကြောင်း သိရသည်။ HQ-9 လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်များသည် တရုတ် နိုင်ငံ၏ မျိုးဆက်သစ် တာလတ်မှ တာဝေး ပစ်ခတ်နိုင်သော မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည် အမျိုးအစား ဖြစ်ပြီး စစ်ဆင်နိုင်သည့် အကွာအဝေး သည် ၁၂၄ မိုင်ဖြစ်ကြောင်း သိရသည်။

HQ-9 လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်များ၏ ရေဒါယာဉ် များကို Hetian လေတပ် အခြေစိုက် စခန်း၌ တပ်ဖြန့်ချထား ခဲ့ပြီး ဖြစ်ကြောင်းနှင့် ၄င်းတို့အား အိန္ဒိယ လေတပ်၏ ပြုလုပ် လာနိုင်ဖွယ် ရှိသော လေကြောင်း တိုက်ခိုက်မှုမှ တရုတ်နိုင်ငံ၏ အနောက်ဘက် နယ်စပ်ဒေသကို ကာကွယ်ရန် ဖြစ်ကြောင်း ကနေဒါနိုင်ငံ အခြေစိုက် တရုတ်ဘာသာ ဖြင့် ရေးသား ထုတ်ဝေသော Kanwa Defence Review မဂ္ဂဇင်းတွင် ဖော်ပြထားသည်။

Hetian လေတပ် အခြေစိုက် စခန်းသည် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) လေတပ်၏ အမှတ်(၃၇) တပ်မ အခြေစိုက်စခန်း တစ်ခုဖြစ်ပြီး အိန္ဒိယနိုင်ငံ အတွင်းရှိ ပစ်မှတ်များကို ပြန်လည် တိုက်ခိုက်မှုများ လုပ်ဆောင် နိုင်သည့် JH-7A ဗုံးကြဲ တိုက်လေယာဉ် များ၏ အခြေစိုက် စခန်းတစ်ခု ဖြစ်ကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment