စတော့ဈေးကျလို့ တရုတ်ဘီလီယံနာတွေ အကြီးအကျယ် ရှုံး
ဧရာဝတီ
တရုတ်နိုင်ငံတွင် စတော့ဈေးကွက် ပြိုလဲကျဆင်းခြင်းကြောင့် တရုတ်နိုင်ငံသား သန်းနှင့် ချီ၍ နစ်နာဆုံးရှုံးခဲ့ရာတွင် ဘီလီယံနာများလည်း ရှေ့ဆုံးကပါဝင်သည်။ ယခုနှစ် မတ်လ အတွင်းက FORBES မဂ္ဂဇင်းမှ ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ဘီလီယံနာများစာရင်းတွင် တရုတ်နိုင်ငံမှ အချမ်းသာဆုံးသူများ၏ ပါဝင်မှုက စုစုပေါင်း အမေရိကန် ဒေါ်လာ ၅၆၅ ဘီလီယံ ရှိသည်ဟု ဖော်ပြခဲ့သည်။ ယမန်နှစ်က ဒေါ်လာ ၂၀၀ ဘီလီယံ ရှိခဲ့ရာမှ တိုးတက်လာခြင်းဖြစ်သည်။ သို့သော် ယခု စတော့ဈေးကွက်ပြိုလဲခဲ့သည့် အချိန် တွင် FORBES ၏ ဘီလီယံနာ စာရင်းဝင် တရုတ် သူဌေး ၂၀၅ ဦး၏ ဆုံးရှုံးမှု စုစုပေါင်းက ဒေါ်လာ ၁၉၅ ဘီလီယံ ရှိသည် ဟု သိရသည်။
တရုတ်နိုင်ငံ၏ အချမ်းသာဆုံး စာရင်းဝင် Wang Jianlin သည် သူ၏ အများပိုင် ကုမ္ပဏီ ၂ ခု၏ ရှယ်ယာဈေးနှုန်းများ ကျဆင်းခဲ့သည့်အတွက် အမေရိကန်ဒေါ်လာ ၆.၅ ဘီလီယံ ဆုံးရှုံးခဲ့ရသည်။ Tencent ၏ ရှယ်ယာဈေးနှုန်း ၁၃ ရာခိုင် နှုန်း ကျဆင်းခဲ့သည့် အတွက် ၎င်း၏ ဥက္ကဌဖြစ်သူ Pony Ma သည်လည်း ၁ ရက်အတွင်းမှာပင် အမေရိကန် ဒေါ်လာ ၁.၂ ဘီလီယံ ဆုံးရှုံးခဲ့ရသည်။ ကြေးနီလုပ်ငန်းရှင် Wang Wenyin မှာမူ အနစ်နာဆုံး ဖြစ်ကာ ပြီးခဲ့သည့် လအတွင်း အမေရိကန်ဒေါ်လာ ၇.၃ ဘီလီယံ ဆုံးရှုံးခဲ့ရသည်။
လူသိများသော အွန်လိုင်း ဈေးရောင်းလုပ်ငန်းတခုဖြစ်သည့် Alibaba ၏ ဥက္ကဌ Jack Ma လည်း ဒေါ်လာ ၃.၇ ဘီလီယံ ဆုံးရှုံးခဲ့သည်။ Baidu ၏ Robin Li နှင့် JD.com ၏ Richard Liu တို့သည်လည်း ပြီးခဲ့သည့် လအတွင်း ၎င်းတို့ ကုမ္ပဏီများ၏ ရှယ်ယာဈေးနှုန်းများ ကျဆင်းခဲ့သည့်အတွက် အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံ နှင့် ၁.၇ ဘီလီယံစီ အသီး သီး ဆုံးရှုံးခဲ့ကြသည်။
FORBES ၏ ဘီလီယံနာ စာရင်းဝင် တရုတ် သူဌေး ၂၀၅ ဦးထဲမှ ၅ ဦးသာလျှင် ကင်းလွတ်ခဲ့သည်။ သိုးမွေးထည်နှင့် အထည်ချုပ်လုပ်ငန်းရှင် Ma Jianrong ကတော့ ပိုမို ကြွယ်ဝလာသည့် တဦးတည်းသော ဘီလီယံနာဖြစ်သည်။ သူက ဒေါ်လာ ၉၅ သန်း ပိုမိုကြွယ်ဝလာခဲ့သည်။ ကျန်လေးဦးထဲတွင် Alipay မှ Simon Xie နှင့် တယ်လီဖုန်းကုမ္ပဏီ Xiaomi ၏ ဥက္ကဌ Lin Bin တို့ပါဝင်ကြသည်။
The Irrawaddy (Burmese Version)
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, July 11, 2015
စတော့ဈေးကျလို့ တရုတ်ဘီလီယံနာတွေ အကြီးအကျယ် ရှုံး
စတော့ဈေးကျလို့ တရုတ်ဘီလီယံနာတွေ အကြီးအကျယ် ရှုံး
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 11, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 11, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment