အသက် ၂၁ နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးက သူမနဲ့ သူမရဲ့ချစ်သူဓါတ်ပုံကို လူမှုကွန်ယက်ဝက်ဆိုက်ပေါ်မှာ လှောင်ပြောင်ခဲ့ကြသူတွေကို အံ့အားသင့်ဖွယ်ရာမှတ်ချက်နဲ့ တုန့်ပြန်လိုက်ပါတယ်။ သူမရဲ့ချစ်သူဟာ အဝလွန်ပြီး ရုပ်ဆိုးတဲ့သူဖြစ်ကြောင်း သုံးစွဲသူတွေက မှတ်ချက်ပေးခဲ့ ကြပေမယ့် သူမအတွက်တော့ ချစ်သူဟာ ကံစမ်းမဲပေါက်သလိုကံကောင်းစွာ ရထားတာ ဖြစ်ကြောင်း တုန့်ပြန်လိုက်ပါတယ်။
ဂျော်ဂျီယာမှာနေထိုင်တဲ့သူမက ငယ်ရွယ်ပြီး လှပပေမယ့် သူမချစ်သူက ဝဖြိုးနေတဲ့ပေါ်ကို သုံးစွဲသူတွေက လှောင်ပြောင်စရာအဖြစ် တုန့်ပြန်ဝေမျှခဲ့ကြတာဖြစ်ပါတယ်။ အဲဒီလိုမှတ်ချက်ပေးသူတွေကိုလည်း အရိုင်းအစိုင်းတွေဖြစ်ပြီး အတွေးတိမ်သူတွေအဖြစ် သူမကစွပ်စွဲလိုက်ပါတယ်။ သူငယ်ချင်းရဲ့ မင်္ဂလာပွဲမှာ မင်္ဂလာပန်းစည်းကိုင်သူအဖြစ်ကူညီပေးနေတုန်းမှာ ချစ်သူနဲ့ရိုက်ခဲ့တဲ့ဓါတ်ပုံကို တင်ခဲ့တာဖြစ်ပါတယ်။ သူမတို့ချစ်သူနှစ်ဦးရဲ့ဓါတ်ပုံတွေကို facebook မှာလည်း တင်ထားပါသေးတယ်။ အများစုက သူမချစ်သူကို လှောင်ပြောင်တဲ့ မှတ်ချက်တွေဖြစ်ခဲ့လို့ အဆိုပါမိန်းမပျိုက တုန့်ပြန်ခဲ့တာဖြစ်ပါတယ်။
PlanetMyanmar
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, July 11, 2015
သူနဲ့ချစ်သူဖြစ်ရတာ ကျွန်မအတွက်ကံစမ်းမဲ ပေါက်သလိုပါပဲ
သူနဲ့ချစ်သူဖြစ်ရတာ ကျွန်မအတွက်ကံစမ်းမဲ ပေါက်သလိုပါပဲ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 11, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 11, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment