Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, July 4, 2015

Crocs-sandals သရေကြိုးသိုင်း ဖိနပ်အတုတွေ ဘာ့ကြောင့် မစီးသင့်သလဲဆိုတာ



ဂျာမန်အစိုးရ ရုပ်မြင်သံကြားကနေ ဒီCrocs-sandals ဖိနပ်တွေ ထုတ်လုပ်တဲ့ ကုမ္ပဏီအသီးသီးကို စမ်းသပ်မှုပြုလုပ်ခဲ့ပြီး အဆိုပါ ရှုးဖိနပ်တွေကို အရေပြားကနေတဆင့် ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ကာ အဆိပ်ဖြစ်စေတယ်လို့ သိရပါတယ်။ ဒါ့အပြင် (carcinogenic) ကင်ဆာရောဂါဖြစ်စေတဲ့ ဓာတုပစ္စည်းတွေလည်း မြင့်မားစွာပါဝင်နေကြောင်း ကြောက်မက်ဖွယ် ရှာဖွေတွေ့ရှိချက်ကို ရရှိခဲ့ပါတယ်။

ဈေးနှုန်းနဲ့ ပစ္စည်းအရည်အသွေးကို ထည့်သွင်းမစဉ်းစားဘဲ Crocs-sandal လို့ခေါ်တဲ့ ပလတ်စတစ်နဲ့ ပြုလုပ်ထားတဲ့ ဖိနပ်အားလုံးမှာ အန္တရာယ်ဖြစ်စေတဲ့အရာဝတ္တုတွေ ပါဝင်ကြောင်း မှတ်တမ်းတင်ထားပါတယ်။ ဒီဖိနပ်တွေကို စီးချင်သေးရင်တော့ ခြေအိတ်ကို သေသေချာချာ ဝတ်ဆင်ပါ။

ကင်ဆာရောဂါဖြစ်စေတဲ့ ဟိုက်ဒရိုကာဗွန်နံ့သင်းသင်း ထွက်နေခြင်းကြောင့် ဒီကြိုးသိုင်းဖိနပ်တွေ အာရုံစိုက်မှု များပြားလာခဲ့ပါတယ်။

စမ်းသပ်ခံထားရတဲ့ Crocs-sandals ၁၀ ခုအနက် ၆ ခုမှာ မှာ ဆေးဖော်စပ်ထားတဲ့ ဒြပ်ပေါင်းတွေ ခွင့်ပြုထားတာထက် အဆမတန် မြောက်များစွာ ပါဝင်နေပါတယ်။

original မူရင်း Crocs အစစ်တွေမှာ အန္တရာယ်ဖြစ်စေတဲ့ ပစ္စည်းတွေ မပါရှိပါဘူး။

Victor.PaaTung - Trend Myanmar

No comments:

Post a Comment