Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, July 4, 2015

အိမ်ထောင်တစ်ခုကို ထိန်းသိမ်းရတာ မီးခဲ ကိုင်ထားတာထက် ပိုခက်ခဲပါတယ် ဆိုတဲ့ ရဲလေးက တစ်ကိုယ်တော်ခွေနဲ့အတူ ပရိသတ်ရှေ့ပြန်လာပြီလို့ဖွင့်ဟ


အိမ်ထောင်ကျပြီးကတည်းက ၂ နှစ်ကျော်နီးပါးလောက် အနုပညာ အလုပ်နဲ့အဆက်ပြတ်နေခဲ့တဲ့ ရဲလေးက ဂျူလိုင် ၁၂ ရက်နေ့မှာ ထွက်ရှိမယ့် ၇ခွေမြောက် ဖြစ်တဲ့ နောက်တစ်ခေါက် တေးစီးရီးနဲ့ ပတ်သက်ပြီး ပြောပြလာခဲ့သလို လက်ရှိသူရဲ့ အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့ အတွေးအမြင်များ ၊ စိတ်ခံစားချက်များ ကို စုစည်းပြောပြလာတဲ့အခါ

"အိမ်ထောင်တစ်ခုကို ထိန်းသိမ်းရတာ တကယ်ပါ။ မီးခဲ ကိုင်ထားတာထက် ပိုပြီးတော့ ခက်ခဲပါတယ်။ ပိုပြီးတော့ ကြမ်းတမ်းပါတယ်။ အရမ်းလဲ ညှိနှိုင်းယူရပါတယ်။ ဒါပေမဲ့ ကျွန်တော့် အတွက်ကတော့ အဆင်ပြေပါတယ်။ ကျွန်တော်မိန်းမကောင်း တစ်ယောက်ကို ရထားတယ်ပေါ့နော်။ ဒီခေတ်ကြီးထဲမှာက မိန်းမကောင်းရဖို့ ခက်ခဲသလို ယောကျာ်းကောင်းရဖို့လဲ ခက်ခဲပါတယ်။ ကျွန်တော်တို့အရမ်းကံကောင်းပါတယ်။ တစ်ယောက်နဲ့တစ်ယောက် သည်းခံခွင့်လွှတ်တဲ့ စိတ်တွေနဲ့ချစ်တတ်သွားတယ်။

တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုတွေ တည်ဆောက်ကြတယ်။ တစ်ယောက်ရဲ့ ဖြစ်ချင်တဲ့ ဆန္ဒကို တစ်ယောက်က ဖြည့်ဆည်းပေးတယ်။ တစ်ယောက်က တင်းရင် နောက်တစ်ယောက်က လျှော့ရတာပေါ့။ သားရေကွင်းလိုပဲလေ။ လက်ရှိ ကလေးယူဖို့ကတော့ ကြိုးစားနေတုန်းပါပဲ။ အခုလောလောဆယ်မှာ နှစ်ယောက်လုံးက အလုပ်တွေ ရှုပ်နေကြတဲ့အတွက် ကြိုးစားနေတုန်းပါပဲ။ ရလာတဲ့တစ်နေ့ကျရင် တော့ ပရိသတ်ကို အရင်ဆုံးသိရမှာပါ"လို့ သူက ဖွင့်ဟသွားပါတယ်။

သူ့ရဲ့ ၇ ခွေမြောက် တစ်ကိုယ်တော်အခွေဖြစ်တဲ့ နောက်တစ်ခေါက်ဆိုတဲ့ တေးစီးရီးနဲ့ပတ်သက်ပြီး တော့လဲ သူက "ကျွန်တော် ၂နှစ်ကျော်လောက် ဂီတလောကထဲက မှေးမှိန်သွားပြီး ၊ ပျောက်ကွယ်သွားပြီး ပြန်လည် ထွန်းတောက်လာတဲ့ ကျွန်တော့ရဲ့ ၇ ခွေမြောက် တစ်ကိုယ်တော်ခွေလေးပေါ့။ Title ကို နောက်တစ်ခေါက်လို့ပေးထားတယ်။ ဒီအခွေလေးကို ပြင်ဆင်ချိန် ၁ နှစ်ခွဲကျော်လောက်ကြာတယ်။ နောက်တစ်ခေါက်လို့ပေးဖြစ်တာက ကျွန်တော် ဂီတလောကထဲကို နောက်တစ်ကျော့ပြန်လာတာကို မပြောချင်လို့ မပေးချင်လို့နောက်တစ်ခေါက်လို့ပေးလိုက်တာပါ။

ဒီအခွေလေးထဲမှာ အရင်ခွေတွေနဲ့မတူတဲ့ ထူးခြားချက်က အရင်ခွေတွေတုန်းက အခွေထုတ်ရင် ၁၄ ပုဒ်၊ ၁၅ ပုဒ် ၁၂ ပုဒ် အနည်းဆုံး နဲ့အများဆုံးပါပါတယ်။ ဒါပေမဲ့ ဒီအခွေလေးက ၇ခွေမြောက်ဖြစ်တဲ့အတွက် ၇ပုဒ်ပဲ ပါတယ်။ ၇ပုဒ်ထဲပေမဲ့ အကောင်းဆုံးနဲ့အကျစ်လစ် အခိုင်မာဆုံးဖြစ်အောင် ဖန်တီးထားပါတယ်။ Featuring ဆိုရင်လဲ အရင်က ကျွန်တော့ခွေဆို Featuring အများကြီး သုံးတယ်။ အခုကျတော့ ကျွန်တော်နဲ့ရင်းနှီးတဲ့ သူတွေလောက်ပဲ ထည့်ထားတယ်။ ဒီအခွေကို ဂျူလိုင် ၁၂ ရက်နေ့Junction Square indoor မှာ နေ့လည် ၂ နာရီကနေ ၆ နာရီထိ မိုးသံကြောက်တဲ့ ပရိသတ်တွေ လာရောက်အားပေးလို့ရပါတယ်။

အဲ့ဒီနေ့မှာ လက်ဆောင်တွေ ဖောက်ပေးမယ်။ bobo intertainment ကလုပ်မဲ့ ရှိုးပွဲ လက်မှတ် အစောင် ၃၀၀ ကို ကံစမ်းမဲဖောက်ပေးမယ်။ ပြီးရင် ထူးခြားတဲ့ လက်ဆောင်တွေလဲပေးမယ်။ ၄ပုဒ်ကို အမ်တီဗီပါတစ်ခါတည်းပါတယ်။ ၃ပုဒ်ကတော့ Audio ပေါ့။ Melody များတယ်။ ဟစ်ဟော့နည်းတယ်။ ဟစ်ဟော့ က ၃ပုဒ်လောက်ပဲပါမယ်။ Melody က ၄ ပုဒ်ပါတယ်။ မျှပါတယ်။ ဒါပေမဲ့ နည်းတယ်လို့ထင်နေကြတဲ့ ပရိသတ်တွေ ဒီအခွေပြီးတာနဲ့ Limited Edition ဆိုတဲ့ နောက်တစ်ခွေကို အမြန်ဆုံး ထပ်ထွက်ပေးပါမယ်။ မကြာသော ကာလတွေမှာ ချပြမှာပါ။ အဲ့ဒီမှာမှ အားလုံးလက်ခံထားတဲ့ အဆိုတော်သစ်တွေပါမယ်။ ဒီအခွေလေးထွက်ပြီးတာနဲ့ အရင်လိုပဲ ရဲလေးက ပရိသတ်ရှေ့ပြန်ရောက်လာပါပြီဆိုတာကို ပြောချင်ပါတယ်။ ခု ဒီအခွေလေးထွက်ပြီးတာနဲ့ ကျွန်တော်အရင်က လုပ်ခဲ့တဲ့ အနုပညာလှုပ်ရှားမှုတွေ အားလုံးကို ပြန်လုပ်ပါတော့မယ်"တဲ့။

ကားရိုက်ပိုင်းနဲ့ပတ်သက်ပြီးတော့လဲ အဆင်ပြေတဲ့ ဇာတ်လမ်းလေးတွေ၊ ဇာတ်လမ်းတွဲလေးတွေ ၊ ရုပ်ရှင်ကားတွေ၊ ဗီဒီယိုကားတွေကိုညှိနှိုင်းပြီး လုပ်သွားဖို့ရှိတဲ့သူက "ဒါကတော့ ကျွန်တော်နဲ့ရင်းနှီးတဲ့ ထုတ်လုပ်ရေးတွေနဲ့ တိုင်ပင်ရမှာပေါ့။ အငြိမ့်ဖျော်ဖြေမှုတွေကိုလဲ လုပ်သွားမယ်။ ကြော်ငြာတွေလဲ ရိုက်သွားမယ်။ မျိုးဆက်သစ်လူငယ်တွေကို ပြောချင်တာက နောက်တက်လာမဲ့လူငယ်တွေကိုပြောချင်တာကတော့ ဒီနေ့အောင်မြင်ဖို့လွယ်တယ်။ မနက်ဖြန်အောင်ဖို့အတွက် ထိန်းသိမ်းရတာခက်ခဲပါတယ်။ အဲ့ဒီအတွက်အောင်မြင်မှုကို ညှိနှိုင်းပြီးကိုယ့်ဟာကိုယ်တွက်ချက်ပြီးထိန်းသိမ်းကြပါ။ စုဆောင်းကြပါလို့ပဲမှာချင်ပါတယ်။"လို့ ဆိုသွားပါတယ်။

ခင်ဆွေသက် - Trend Myanmar

No comments:

Post a Comment