မနေ့ညက 11.7.2015 စနေနေ့ည ၉နာရီ ၃၀မိနစ် ခန့်လောက်က
၄၃၅ ၊ ၄၃၆ စစ်တပ်ရှေ့(တ/ဥက္ကလာနဲ့ မ/ဥက္ကလာဆက်ထားတဲ့လမ်း)
သံသုမ္မာလမ်းလမ်းဘေးဆီဆိုင်ရှေ့မှာဆီထည့်ဖို့ ဆိုင်ကယ်ကို လမ်းဘေးချရပ်ပြီး
ဆိုင်ကယ်ပေါ်ကဆင်းတုန်း(ဆိုင်ကယ်ဦးထုပ်ချွတ်နေတုန်း)အဲဒီဆိုင်ကယ်သမား
ဦးအောင်ဇော်ဝင်း အသက် ၄၅နှစ်ကိုအနောက်ကနေ ကားတစ်စီးကအရှိန်ပြင်းပြင်းနဲ့
ဝင်တိုက်သွားခဲ့တယ်..။
ကားကတော့ လူကိုတိုက်မိမှန်းသိလျက်နဲ့ဆင်းလည်းမကြည့်ဘဲထွက်ပြေးသွားတယ်..။
ဆီဆိုင်ကလူတွေကလည်းညလည်းမှောင်နေတဲ့အချိန်လည်းဖြစ်အနောက်လှည့်နေတဲ့အချိန်မှာ
ဒုန်း ဆို အသံကြားလို့လှည့်ကြည့်တဲ့လိုက်တော့အတိုက်ခံရတဲ့လူက သွေးအိုင်ထဲလဲနေတာမြင်ပြီး
အရေးပေါ်ကိုဖုန်းဆက်ပေးရတာနဲ့ကားအမျိုးအစားကော..ကားနံပါတ်ပါ မမှတ်မိလိုက်ဘူး..
အရမ်းမှောင်နေလို့မြင်လည်းမမြင်လိုက်ဘူးလို့ပြောပါတယ်..။
အတိုက်ခံရတဲ့လူက အရေးပေါ်ရောက်နေတာ ခုထိသတိမရသေးဘူး..
တစ်ကိုယ်လုံးလည်း ဒဏ်ရာတွေနဲ့စုတ်ပြတ်သတ်နေတာပဲ..။
လူစိတ်မရှိတဲ့ ကားသမားကြောင့်မိဘကိုလုပ်ကျွေးနေတဲ့ သားတစ်ယောက်....
အိမ်ထောင်ဦးစီးပီပီသသနဲ့မိသားစုကို လုပ်ကျွေးနေတဲ့အမျိုးသားတစ်ယောက်
အခုဆိုခွဲစိတ်ထားရတာ ရင်ခေါင်းကနေ ဆီးစပ်အထိပါပဲ..။
ဟုတ်ကဲ့.
လျော်ကြေးလိုချင်လို့ မဟုတ်ပါဘူး..အမှုဖြစ်ချင်လို့လည်းမဟုတ်ပါဘူး..လူပြတ်တဲ့ အဲလိုနေရာမှာ
တစ်ယောက်တည်းကျန်နေခဲ့တဲ့ဆိုင်ကယ်သမားကို ဆေးရုံပို့ပေးပြီး
လူလိုသူလို တောင်းပန်ရင်..ကြေအေးပေးဖို့အဆင်သင့်ပါ..။
ဘယ်လိုမူးရူးပြီးမောင်းလာလဲတော့မသိဘူး..လမ်းဘေးချရပ်ထားတဲ့ဆိုင်ကယ်ကိုတောင်
တိုက်သွားတယ်ဆိုတဲ့ ကားသမားရဲ့Skill ကတော့..အံ့မခမ်းပါပဲ..။
အခု
ကားတိုက်ခံလိုက်ရတဲ့ ဆိုင်ကယ်သမားကတော့ဆိုင်ကယ်နဲ့လူကို တွဲလျက်တိုက်မိတာမျိုး
မဟုတ်ဘဲဆီထည့်ဖို့ ဆိုင်ကယ်ပေါ်က ဆင်းတဲ့အချိန်မှာ
လူကိုပဲဖြတ်တိုက်သွားတာဖြစ်တဲ့အတွက်ဆိုင်ကယ်တော့ဘာမှမဖြစ်ပေမယ့်..
လူက
ဦးခေါင်းခွံပေါက်သွားပါတယ်.. (မျက်ခုံးအပေါ်နဖူးတည့်တည့်မှာ)
ကျောရိုးကျိုးသွားပါတယ်..ဒူးခေါင်းက ဒူးဆစ်အပြင်ကို ငေါထွက်သွားပါတယ်..
တစ်ကိုယ်လုံးပွန်းပဲ့ ညိုမည်းနေပါတယ်..။ ချက်ချင်း ခွဲစိတ်ခန်းဝင်ပြီး ခွဲစိတ်လိုက်တော့မှ
အသဲရဲ့အလွှာပါးလေး စုတ်ပြဲပျက်ဆီးပြီးအသည်းပဲ့သွားပါတယ်..။
စအိုကွဲသွားတာ ၆လက်မကျော်ပါတယ်..။ဘေလုံးနှစ်လုံးစလုံးထုတ်လိုက်ရပါတယ်..။
နောက်ဘက်ခါးရိုး ကျိုးသွားပါတယ်...။အောက်ပိုင်း လုံးဝမလှုပ်နိုင်တော့ပါဘူး...။
ဆရာဝန်ပြောစကားအရလမ်းလျှောက်နိုင်ဖို့မပြောနဲ့အသက်တောင်မနည်းလုနေရတဲ့အခြေအနေပါ..။
စိုးရိမ်ရတဲ့ အခြေအနေနဲ့အတွင်းလူနာအနေနဲ့ ဆေးရုံတင်ထားရပါတယ်..။
ပြေးပါ.. ပြေးနိုင်သလောက်ပြေးပါ..။ဖမ်းမမိနိုင်အောင်ပြေးပါ..။တစ်ဘဝလုံးပြေးနိုင်ပါစေ..
သူတစ်ပါးကို လမ်းမလျှောက်နိုင်အောင်လုပ်ခဲ့ပြီး တစ်ဘဝလုံးစိတ်ချမ်းချမ်းသာသာ
ကိုယ်ကျန်းကျန်းမာမာနဲ့ ဒီလိုဝေဒနာခံစားရတဲ့ ဝဋ်တွေလည်းမလည်ပါစေနဲ့လို့
ဆုတောင်းလိုက်ပါတယ်..သံသရာဆိုတာ လည်တတ်ပါတယ်..။
ကိုယ်ပိုင်ကားတောင်စီးနိုင်တဲ့အခြေအနေဆိုတော့အင်တာနက်လည်း သုံးနိုင်လောက်တဲ့
Knowledge ရှိမယ်ထင်ပါတယ်..သူငယ်ချင်းတို့ ဒီ Post လေးကို Share ပေးကြဖို့
မေတ္တာရပ်ခံရင်းအကူအညီတောင်းပါတယ် ..ကျေးဇူးအများကြီးတင်ပါတယ်..။
Ps: လူနာသတိရလို့မေးကြည့်မှတိုက်သွားတာ ဆလွန်းကားဆိုပြီး
ကြိုးစားပြီးပြောပြရှာတယ်..
Phyu Phway
via Lwin Oo





No comments:
Post a Comment