Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, July 12, 2015

ပုလင်းပန်းချီများကို ပြည်ပစီးပွားရေးလုပ်ငန်းများစိတ်ဝင်စားမှုရှိလာ

မန်းသူရိန်
ပြည်တွင်းဈေးကွက် သာမက ပြည်ပဈေးကွက်အထိ ပုလင်းပန်းချီ ရောင်းချရမှုရှိလာရာ မန္တလေးမြို့ရှိ ပုလင်း ပန်းချီပညာရှင်ဦးချစ်မြသည် နိုင်ငံတကာ စီးပွားရေးကုမ္ပဏီတစ်ခု၏ ဖိတ်ကြားချက် အရ မြန်မာနိုင်ငံမှ ပုလင်းပန်းချီ မြန်မာမှုလက်ရာများ ရေးဆွဲပြသရန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ဇူလိုင် ၇ရက်က ထွက် ခွာသွားကြောင်း သိရသည်။
ပုလင်းပန်းချီပညာရှင် ဦးချစ်မြ သည် ၁၉၉ဝ ပြည့်နှစ်မှစတင်၍ ပန်းချီရေး
ဆွဲခဲ့ခြင်းဖြစ်ပြီး ယခင်က ပုလင်းပန်းချီများ ကို မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာအရုပ် များ၊ ကနုတ်ပန်းများဖြင့် မြန်မာ့ယဉ်ကျေးမှု များကို ပုံဖော်ရေးဆွဲခြင်းဖြစ်သော်လည်း ယခုအခါ နိုင်ငံခြားသားဧည့်သည်များ၊ အ ကျိုးတူစီးပွားရေးလုပ်ငန်းများတွင် လက် ဆောင်ပေးရန် ပုံတူပုလင်းပန်းချီများအပ် နှံမှု များပြားလာရာ လုပ်ငန်းသဘောအရ ရေးဆွဲပေးလျက်ရှိကြောင်းသိရသည်။
''မြန်မာ့ယဉ်ကျေးမှုတွေကို ပုံ ဖော်ရေးဆွဲရတာကိုသဘောကျတယ်။ ဆိုင် က ပုံတူပုလင်းပန်းချီကိုအပ်တာ လက်ခံနေ တော့ လုပ်ငန်းသဘောအရ ရေးဆွဲပေးနေ ရတာပါ။ ပုံတူပုလင်းပန်းချီရေးရတာ တစ် ခါတလေ စိတ်ရှုပ်တယ်။ နောက်ပိုင်းဖြစ်နိုင် ရင်တော့ ပုံတူပုလင်းပန်းချီတွေကို မရေးချင် ဘူး။ မြန်မာမှု၊ မြန်မာ့ဟန်တွေကို အဓိကရေး ဆွဲချင်တာပါ''ဟု မန္တလေးမြို့မှပုလင်းပန်းချီ ပညာရှင်ဦးချစ်မြကပြောသည်။
ယခင်က ပုလင်းပန်းချီဈေးကွက် တွင် ပုလင်းပန်းချီအသေးတစ်လုံးလျှင် ကျပ် တစ်သောင်းဝန်းကျင်နှင့် ပုလင်းပန်းချီအကြီး တစ်လုံးလျှင် ကျပ်သုံးသောင်းဝန်းကျင်အထိ ဈေးရှိခဲ့သော်လည်း ယခုအခါပုလင်းပန်းချီ အသေးတစ်လုံးလျှင် ကျပ်တစ်သောင်း၊ ကျပ် သုံးသောင်း၊ ကျပ်ငါးသောင်းဝန်းကျင်နှင့် ပု လင်းပန်းချီ
အကြီးတစ်လုံးလျှင် ကျပ်ငါး သောင်း၊ ကျပ်ခုနစ်သောင်း၊ ကျပ်တစ်သိန်း နှင့် ကျပ်တစ်သိန်းခွဲဝန်းကျင်အထိ ဈေးရှိပြီး ပုလင်းအရွယ်အစားနှင့် ပုံဖော်ရေးဆွဲရမှု (ကနုတ်ပါဝင်မှု)အပေါ်မူတည်၍ ဈေးရှိသည်။
ပုံတူပုလင်းပန်းချီတစ်လုံးလျှင် ဈေးကွက်အတွင်း ကျပ်နှစ်သောင်းခွဲရှိသော် လည်း လုပ်ခမှာ ကျပ် ၅ဝဝဝ သာရရှိကြောင်း၊ ဈေးကွက်အတွင်း ကျပ်တစ်သိန်းခွဲနှင့် ကျပ် နှစ်သိန်းဝန်းကျင် ရောင်းချနေသည့်ပုလင်း ပန်းချီများကို
ပညာရှင်၏လုပ်ခမှာ ကျပ်သုံး သောင်းမှ ကျပ်ငါးသောင်းခန့်သာရရှိကြောင်း
မန္တလေးမြို့မှပုလင်းပန်းချီပညာရှင် ဦးချစ် မြက ပြောသည်။
လက်ရှိမြန်မာနိုင်ငံတွင် ပုလင်း ပန်းချီရေးဆွဲသူမှာ မန္တလေးမြို့နှင့်ပုဂံတွင် ရေးဆွဲသူနှစ်ဦးသာရှိပြီး ပညာရှင်အဆင့်မှာ မန္တလေးမြို့မှ ပုလင်းပန်းချီပညာရှင်
မိမိ တစ်ဦးသာ ကျန်ရှိနေခြင်းဖြစ်ကြောင်း ပုလင်း ပန်းချီပညာရှင်ဦးချစ်မြက
ပြောသည်။
Yangon Media Group

No comments:

Post a Comment