Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 9, 2015

လူတစ်ယောက်နဲ့ တစ်ယောက် စိတ်ချင်း ဆက်သွယ် ရှယ်ယာ လုပ်နိုင်သည် အထိ ဖေ့စ်ဘွတ်ခ် ကြိုးပမ်းမည်

မဝေးတော့သော အနာဂတ်တွင် လူသားများသည် မိမိတို့ ခံစားချက်များကို ဖေ့စ်ဘွတ်ခ်မှာ လက်ညောင်းခံပြီး ရေးတင်နေရန် မလိုတော့။ မိမိ ခံစားချက်များကို အခြားဖေ့စ်ဘွတ်ခ် မိတ်ဆွေများထံ တယ်လီ ပသီနည်းဖြင့် ပေးပို့နိုင်အောင် ကြိုးပမ်းသွားမည်ဟု ဖေ့စ်ဘွတ်ခ်က ဆိုလိုက်သည်။

ထိုသို့ တယ်လီပသီ နည်းဖြင့် ခံစားချက်များ မျှဝေနိုင်ရေးသည် ဖေ့စ်ဘွတ်ခ် ထူထောင်သူ မာ့ခ်ဇက်ကာဘက်ဂ်ျ၏ ရည်မှန်းချက်လည်း ဖြစ်သည်။ ထိုရည်မှန်းချက်ကို အသက် (၃၁) နှစ်အရွယ် မစ္စတာ ဇက်ကာဘက်ဂ်ျက ဖေ့စ်ဘွတ်ခ် အွန်လိုင်း တွေ့ဆုံ မေးမြန်းခန်းတွင် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

မစ္စတာ ဇက်ကာဘက်ဂ်ျက ဖေ့စ်ဘွတ်ခ် အနာဂတ် ရည်မှန်းချက်နှင့် ပတ်သက်ပြီး အဆင့်ဆင့် ဖြေကြားခဲ့သည်။ ပထမအဆင့် အနေဖြင့် မဝေးတော့သော နှစ်ပိုင်း အတွင်းမှာပင် ဖေ့စ်ဘွတ်ခ် သုံးသူများသည် ခံစားချက်များ အတွေ့အကြုံများကို စာသားများ၊ ဓာတ်ပုံများနဲ့ ဖော်ပြခြင်းထက် ဗီဒီယိုဖြင့် ဖော်ပြရတာ ပိုအားသန် လာကြလိမ့်မည်ဟု ဟောကိန်း ထုတ်သည်။

ထို့နောက်တစ်ဆင့် တက်၍ မိမိတို့ စိတ်ထဲမှာ ခံစားနေရသည်များကိုပါ အရှိအတိုင်း အခြား သူများထံသို့ ကြားခံ ပစ္စည်းမသုံးဘဲ ဦးနှောက်ချင်း တယ်လီပသီနည်းဖြင့် ရှယ်ယာ လုပ်နိုင်သည် အထိ တိုးတက် လာနိုင်သည်ဟု မစ္စတာ ဇက်ကာဘက်ဂ်ျက ဟောကိန်း ထုတ်လိုက်ခြင်း ဖြစ်သည်။

Messenger

No comments:

Post a Comment