မြန်မာနိုင်ငံရဲ့ ဘောလုံးအဆင့်အတန်းဟာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ရဲ့ နောက်ဆုံး ထုတ်ပြန်တဲ့ နိုင်ငံအလိုက် ဘောလုံးအဆင့် သတ်မှတ်ချက်အရ အရင်ကထက် အဆင့် ၁၉ ဆင့်လျော့ကျသွားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၄ ရက် သတ်မှတ်ချက်မှာ ကမ္ဘာ့အဆင့် ၁၄၃ နေရာမှာ ရပ်တည်ခဲ့တဲ့ မြန်မာအသင်းဟာ အခု ဇူလိုင် ၉ ရက်နေ့ အသစ်ထုတ်ပြန်တဲ့ သတ်မှတ်ချက်မှာတော့ ၁၆၂ နေရာကို ကျဆင်းသွားတာပါ။
အရှေ့တောင်အာရှနိုင်ငံအသင်းတွေထဲမှာ ဖိလစ်ပိုင် အသင်းက ၁၃ ဆင့်တက်ပြီး အဆင့် ၁၂၄၊ ဗီယက်နမ်က ၁၆ နေရာကျသွားပြီး အဆင့် ၁၄၃၊ ထိုင်းက ၁၁ ဆင့်ကျပြီး အဆင့် ၁၄၀၊ မလေးရှားက ၆ နေရာကျသွားပြီး အဆင့် ၁၆၈၊ စင်ကာပူက ၄ နေရာ တက်သွားပြီး အဆင့် ၁၅၀၊ အင်ဒိုနီးရှားက ၉ နေရာ ကျသွားပြီး အဆင့် ၁၆၄၊ လာအိုက ၄နေရာကျပီး အဆင့် ၁၇၇၊ ကမ္ဘောဒီးယားက ၃ နေရာ ကျပြီး အဆင့် ၁၈၁ မှာ အသီးသီး ရပ်တည်နေပါတယ်။
မြန်မာဘောလုံးအဆင့်အတန်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း ၁၉၉၆ ခုနှစ်မှာ အဆင့် ၁၀၄ ထိ အမြင့်ဆုံးနေရာရောက်ခဲ့ပြီး ၂၀၁၁ခုနှစ်မှာ ၁၇၂ နေရာထိ အနိမ့်ဆုံး အဆင့်ရောက်ရှိခဲ့ပါတယ်။
ကမ္ဘာ့ဘောလုံး အဆင့် ၁ နေရာကိုတော့ အရင်က တတိယနေရာမှာရှိနေတဲ့ အာဂျင်တီနားအသင်းကရယူသွားပြီး ဂျာမနီက အရင် နံပတ် ၁ နေရာကနေ အဆင့် ၂ နေရာရောက်သွားပါတယ်။ အဲဒီနောက် ဘယ်ဂျီယံက အဆင့် ၃၊ ကိုလံဘီယာက အဆင့် ၄ နဲ့ နယ်သာလန်အသင်းက အဆင့် ၅ မှာ အသီးသီးရပ်တည်နေပါတယ်။
အမျိုးသမီး ဘောလုံးအဆင့်အတန်းသတ်မှတ်ချက်မှာတော့ အသစ်ထုတ်ပြန်ခြင်းမရှိသေးပဲ ပြီးခဲ့တဲ့ မတ်လ သတ်မှတ်ချက်အရ ဂျာမနီက အဆင့် ၁ အမေရိကန် အဆင့် ၂ ၊ ပြင်သစ် အဆင့်၃ ဂျပန် အဆင့်၎ ဆွီဒင်အဆင့်၅ နေရာ အင်္ဂလန်က အဆင့် ၆ နေရာမှာ ရှိနေပါတယ်။
အရှေ့တောင်အာရှအသင်းတွေထဲ မြန်မာ အမျိုးသမီးအသင်းက အဆင့် ၄၃ နေရာ၊ ထိုင်းက
အဆင့် ၂၉ နေရာ၊ ဗီယက်နမ်က ၃၄ နေရာ အသီးသီးရှိနေပါတယ်။
http://burmese.dvb.no/archives/101964
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, July 9, 2015
မြန်မာဘောလုံး ဖီဖာ အဆင့်သတ်မှတ်ချက် ၁၉ ဆင့် ကျဆင်း
မြန်မာဘောလုံး ဖီဖာ အဆင့်သတ်မှတ်ချက် ၁၉ ဆင့် ကျဆင်း
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 09, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment