Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 30, 2015

လှည်းကူးမြို့နယ်အတွင်းရှိ လေပြင်းတိုက်ခတ် ခဲ့သောကျေးရွာမှ အပျက်အစီးများအား ရှင်းလင်း


လှည်းကူး ၊ ၃ဝ-၇-၂ဝ၁၅

ရန်ကုန်တိုင်း ဒေသကြီး၊ လှည်းကူးမြို့နယ်၊ မင်းလွင်ကုန်း ကျေးရွာ၌ ဇူလိုင် ၂၈ ရက် နံနက်ပိုင်းက လေပြင်း တိုက်ခတ်ခဲ့ရာ ကျေးရွာ အတွင်းရှိ နေအိမ်လေးလုံး ပေါ်သို့ သစ်ပင် နှင့် ဓာတ်တိုင်များ ပြိုလဲကျခြင်း၊ နေအိမ် ၆၆ လုံး အမိုးလန် ပျက်စီးခြင်း၊ မူလတန်းကျောင်း နှင့် ဘုန်းတော်ကြီး ကျောင်းတို့တွင် အမိုးလန် ခြင်း၊ ဓာတ်မီးတိုင်များ လဲကျ ပျက်စီးခြင်းနှင့် လမ်းများပေါ်သို့ သစ်ပင်များ လဲကျ၍ လမ်းများ ပိတ်ဆို့ခြင်း များ ဖြစ်ပေါ် ခဲ့သည်။

အဆိုပါ လေပြင်း တိုက်ခတ်မှု ခံရသော ကျေးရွာသို့ ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ တပ်မတော်သား များနှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများက သွားရောက်၍ အပျက်အစီး များအား ဖယ်ရှား ရှင်းလင်းခြင်း၊ ပိတ်ဆို့ နေသော သစ်ပင်များအား ခုတ်ထွင် ရှင်းလင်းခြင်း၊ ဓာတ်တိုင်များ ကူညီ စိုက်ပေးခြင်း နှင့် ပစ္စည်းများ ကူညီ ရွှေ့ပြောင်းခြင်းများ ဆောင်ရွက်ပေးပြီး လေဘေးသင့် ပြည်သူ ၂၈ဝ ဦးအား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။

#PyiChitThar

No comments:

Post a Comment