Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 30, 2015

ဥမင်လိုဏ်ခေါင်း ဘူတာရုံကို တိုက်ခိုက်သည့် ရွှေ့ပြောင်းလုပ်သား တစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိ



Up to 2,000 migrants are said to have stormed the French Eurotunnel terminal last night


ပဲရစ် ၊ ၃၀-၇-၂၀၁၅

တရားမ၀င် လုပ်သား ၂၀၀၀ ကျော်သည် ဗြိတိန်နိုင်ငံ အတွင်းသို့ ၀င်ရောက်နိုင်ရေး အတွက် ပြင်သစ်နိုင်ငံရှိ ဥမင်လိုဏ်ခေါင်း ဘူတာရုံ တစ်ခုကို ၀င်ရောက် တိုက်ခိုက်ခဲ့ရာ ရွှေ့ပြောင်း လုပ်သား တစ်ဦး သေဆုံးပြီး အများအပြား ဒဏ်ရာ ရရှိခဲ့ကြောင်း ဗြိတိန် သတင်းဌာန တစ်ခုက ဇူလိုင် ၂၈ ရက်က ထုတ်ပြန် ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုသည် ဇူလိုင် ၂၇ ရက် ညပိုင်းက ပြစ်သစ်နိုင်ငံ ၊ ကာလေးမြို့ ရှိ Eurotunnel ဘူတာရုံ၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ရွှေ့ပြောင်း လုပ်သားများက ဥမင်လိုဏ်ခေါင်း ဖြတ်မောင်းနှင်မည့် မီးရထားပေါ်သို့ တက်ရောက်ရန် ကြိုးပမ်း ခဲ့ကြောင်း ၊ မီးရထား ကုမ္ပဏီက ထုတ်ပြန် ခဲ့သည်။

အဆိုပါ ဖြစ်ရပ်အတွင်း မီးရထားလမ်း အကာအကွယ် ပစ္စည်းများ ပျက်စီး ခဲ့ရကြောင်း ၊ မီးရထားတွဲများ ပျက်စီးခြင်း မရှိသော်လည်း ရွှေ့ပြောင်း လုပ်သားများမှာ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယင်းဖြစ်ရပ် ဖြစ်ပွားပြီးနောက် အာဏာပိုင် များက Eurotunnel မီးရထား ခရီးစဉ်များကို ရပ်တန့်ပစ် ခဲ့ရပြီး အဆိုပါ ရွှေ့ပြောင်း လုပ်သားများ၏ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်ခဲ့သော အပျက်အစီး များအတွက် ဗြိတိန်နှင့် ပြင်သစ် အစိုးရထံသို့ တောင်းခံ သွားမည် ဖြစ်ကြောင်း Eurotunnel မီးရထား ကုမ္ပဏီက ပြောကြား ခဲ့ကြောင်း သိရသည်။

နိုင်ငံအတွင်းသို့ တရားမ၀င် ၀င်ရောက်မှု များကို ထိန်းချုပ်နိုင်ရန် ဗြိတိန် အစိုးရက ပြင်သစ်နိုင်ငံ ၊ ကာလေးမြို့ ရှိ ဥမင်လိုဏ်ခေါင်း ဒေသ၀န်းကျင် ၌ လုံခြုံရေး တိုးမြှုင့် ချထားရန် သဘောတူညီ ခဲ့ကြောင်း ဗြိတိန် ပြည်ထဲရေး ၀န်ကြီး ထရီဇာမေ က ပြောကြားထားပြီး ယခု ဖြစ်ပွားသည့် ဖြစ်ရပ်မျိုး ထပ်မံ ဖြစ်ပွားမှု မရှိစေရန် ဗြိတိန် အစိုးရက ပြစ်သစ်နိုင်ငံ နှင့် ပူးပေါင်း လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြား ခဲ့သည်ဟု သိရသည်။

Eurotunnel delays: 2,000 migrants believed to have stormed Calais terminal

#PyiChitThar

No comments:

Post a Comment