Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, July 7, 2015

ကုန်ကျစရိတ် ကြီးမားသည့် အိုလံပစ်ကွင်းသစ် စီမံကိန်းကို ဂျပန်နိုင်ငံက ဆက်လက် လုပ်ဆောင်သွားမည်


တိုကျို ၊ ၇-၇-၂၀၁၅

ဂျပန်နိုင်ငံသည် ၂ဝ၂ဝ တိုကျို အိုလံပစ်ပြိုင်ပွဲ အတွက် ပင်မကွင်းသစ် (ပုံ) စီမံကိန်းကို အကောင်ထည်ဖော် ဆောက်လုပ်ရာ၌ လက်ရှိ အချိန်တွင် ကုန်ကျ စရိတ်များ မြင့်မား နေသော်လည်း ၄င်းကွင်းကြီး၏ အစီအစဉ်ကို ဆက်လက် အကောင်ထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဂျပန်နိုင်ငံ အားကစား ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

''ဒီကွင်းကြီးကို အပြီး တည်ဆောက်ဖို့ ဆိုရင် ခန့်မှန်း ကုန်ကျစရိတ် အနေနဲ့ ဒေါ်လာ နှစ်ဘီလီယံ ခန့် ကုန်ကျမှာပါ။ ဒါဟာ အရမ်း ကြီးမားတဲ့ ကုန်ကျစရိတ်ပါ။ ဒါကြောင့် ဒီကွင်းကြီး တည်ဆောက်တဲ့ နေရာမှာ ကုန်ကျစရိတ် အချို့ကို လျှော့ချပြီး တည်ဆောက်ဖို့ စီစဉ်ထား ပါတယ်'' ဟု ၄င်းက ဆက်လက် ပြောပြသည်။

ဂျပန်နိုင်ငံ အားကစား ဝန်ကြီးဌာနသည် ၂ဝ၂ဝ ခုနှစ်၌ ဂျပန်နိုင်ငံတွင် ကျင်းပ ပြုလုပ်မည့် တိုကျို အိုလံပစ် ပြိုင်ပွဲကြီးတွင် အဆိုပါ ကွင်းကြီးကို အဓိကထားပြီး ကျင်းပမည် ဖြစ်ခြင်းကြောင့် ကုန်ကျစရိတ် အများအပြား ရှိနေသော်လည်း ယင်းကွင်းကြီးကို ဆက်လက် တည်ဆောက်မည် ဖြစ်သည်။

ဂျပန်နိုင်ငံ အားကစား ဝန်ကြီးဌာန သည် ၂ဝ၁၅ ခုနှစ် အောက်တိုဘာ လတွင် စီမံကိန်းကို စတင် အကောင် အထည်ဖော် တည်ဆောက်မည် ဖြစ်ပြီး ၂ဝ၁၉ ခုနှစ်၌ ဂျပန်နိုင်ငံတွင် ကျင်းပ ပြုလုပ်မည့် ရပ်ဘီ ကမ္ဘာ့ဖလား အမီ ပြီးစီးရန် အကောင်ထည်ဖော် သွားမည် ဖြစ်သည်။ ဂျပန် နိုင်ငံသည် ယင်းပြိုင်ပွဲတွင် ဂျပန် အားကစား သမားများ အနေဖြင့် ရွှေတံဆိပ် အများအပြား ဆွတ်ခူးရရှိရန် ဘက်စုံမှ ထောက်ပံ့ နေကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment