Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, July 4, 2015

ခွင့်ပြုချက်မရှိဘဲ ကိုယ်ဝန်ဆောင်ပါက အပြစ်ပေးမည်


ဇူလိုင် ၃။ ။ တရုတ်ကုမ္ပဏီတစ်ခုဟာ ၀န်ထမ်းတွေ ကိုယ်ဝန်ဆောင်ဖို့ ၄င်းတို့ဆီက ခွင့်ပြုချက်တောင်းခံခိုင်းပြီး ခွင့်ပြုချက်မရှိဘဲ ကိုယ်ဝန်ဆောင်တဲ့သူတွေကို ဒဏ်ရိုက်ဖို့ စီစဉ်တဲ့အတွက် သောကြာနေ့က မီဒီယာတွေပေါ်မှာ ပွက်လောရိုက်သွားခဲ့ပါတယ်။
` ကုမ္ပဏီမှာ တစ်နှစ်ကျော် အလုပ်လုပ်ခဲ့တဲ့ အိမ်ထောင်ရှင်အမျိုးသမီးတွေပဲ သားသမီးယူခွင့် အစီအစဉ်ကို လျှောက်ထားနိုင်တယ် ´ လို့ ဟီနန်ပြည်နယ် ကျောင်ဇူးမြို့က ငွေချေးသမ၀ါယမလုပ်ငန်းတစ်ခုမှာ ထုတ်ပြန်ထားပါတယ်။
` အစီအစဉ်ကို အတည်ပြုပြီးတာနဲ့ ၀န်ထမ်းတွေဟာ ဒီကိုယ်ဝန်ဆောင်ခွင့် အစီအစဉ်ကို တင်းတင်းကျပ်ကျပ် လိုက်နာရမယ်။ ချိုးဖောက်ပြီး ကိုယ်ဝန်ဆောင်သူတွေဟာ အလုပ်ကို ထိခိုက်စေတယ်ဆိုရင် ယွမ် ၁၀၀၀ ( စင်ကာပူ ဒေါ်လာ ၂၁၇ ) ဒဏ်တပ်ခံရမယ်´ လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီကြောညာစာကို ၀န်ထမ်းတွေဆီပို့ထားကြောင်း ကုမ္ပဏီကိုယ်စားလှယ်တစ်ယောက်က ၀န်ခံထားပြီး ၀န်ထမ်းတွေဆီက မှတ်ချက် တောင်းခံထားတဲ့ မူကြမ်းသာဖြစ်ကြောင်း ပြောပါတယ်။
ဒီသတင်းကြောင့် တရုတ်မီဒီယာပေါ်မှာ ပြင်းပြင်းထန်ထန်ဝေဖန်သံတွေ ထွက်ပေါ်လာခဲ့ပြီး နိုင်ငံပိုင်ချိုင်းနားယုသ်ဒေးလီးသတင်းစာ က ယုတ္တိမရှိဘူးလို့ ရေးသားခဲ့ပါတယ်။ ` ကုမ္ပဏီဟာ ၀န်ထမ်းတွေကို လူလို့မသတ်မှတ်ဘဲ ထုတ်လုပ်ရေးလိုင်းပေါ်က အလုပ်လုပ်တဲ့ စက်ကိရိယာတွေလို့ သတ်မှတ်နေတယ် ´ လို့ သတင်းစာရဲ့ ဝေဖန်မှတ်ချက်တစ်ခုမှာ ဖော်ပြထားပါတယ်။
ပုဂ္ဂိုလ်ရေးကိစ္စတွေမှာ အထက်အရာရှိတွေပါဝင်စွက်ဖက်တဲ့ အစဉ်အလာဟာ တရုတ်မှာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး တစ်အိမ်ထောင် ကလေး တစ်ယောက် မူဝါဒဟာ လူသိများပါတယ်။ မော်စတုန်း လက်ထက်တုန်းက လုပ်သားတွေဟာ အိမ်ထောင်ပြုဖို့အတွက် အလုပ်ရှင်ဆီက ခွင့်ပြုချက်တောင်းခံရပါတယ်။
ဘာသာပြန် - စုပြည့်စုံ
Ref: AFP
Kumudra

No comments:

Post a Comment