Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 30, 2015

သက်တမ်းနှစ်ပေါင်း ၅၀၀၀ ခန့်ရှိ နေအိမ်မှ ရုပ်အလောင်း ၉၇ လောင်း၏ အရိုးစုများ ရှာဖွေတွေ့ရှိ

Grisly remains of 97 bodies found stuffed into 5,000 year-old 'House of Horrors' 

ပေကျင်း ၊ ၃၀-၇-၂၀၁၅

တရုတ်နိုင်ငံ အရှေ့မြောက် ပိုင်းတွင် နှစ်ပေါင်း ၅ဝဝဝ ခန့်သက်တမ်း ရှိ နေအိမ် တစ်လုံးမှ ရုပ်အလောင်း ၉၇ လောင်း၏ အရိုးစုများကို သုတေသီ များက ရှာဖွေတွေ့ရှိ ခဲ့ကြောင်း ဒေသတွင်း မီဒီယာ တစ်ခုက ဇူလိုင် ၂၈ ရက်တွင် ထုတ်ပြန် ထားသည်။

ရှာဖွေတွေ့ရှိ ခဲ့သည့် ရုပ်အလောင်း များ၏ အရိုးစုများတွင် လူငယ်၊ လူလတ်ပိုင်းနှင့် လူပျိုပေါက် အရွယ်များ ပါဝင်ပြီး အဆိုပါ ရုပ်အလောင်း များကို အကျယ် ၂ဝ စတုရန်း မီတာရှိ သမိုင်း မတိုင်မီက တည်ဆောက် ခဲ့သည့် နေအိမ်အတွင်း ပြွတ်သိပ်ထည့်သွင်း ထားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ နေအိမ်သည် သမိုင်းမတိုင်မီ အချိန်က သဘာဝ ဘေးအန္တရာယ် တစ်စုံတစ်ရာ ကျရောက်မှု သို့မဟုတ် ကူးစက် ရောဂါပိုး တစ်မျိုး ကျရောက်မှု ဒဏ်ကို ကြုံတွေ့ ခဲ့ရဖွယ် ရှိကြောင်း ကျွမ်းကျင်သူ များ၏ ပြောကြားချက် အရ သိရသည်။

ထို့အပြင် သုတေသီ များသည် အဆိုပါ နေအိမ် အနီးတွင် မြေအိုး၊ မြေထည်များ၊ မြားခေါင်းများနှင့် အခြား ကိရိယာ အသုံးအဆောင် များကိုလည်း ရှာဖွေတွေ့ရှိ ခဲ့ပြီး ရှေးခေတ်လူများ မည်သို့ အသက်ရှင် နေထိုင် ကြောင်းကို လေ့လာလျက် ရှိသည်ဟု သိရသည်။

#PyiChitThar

No comments:

Post a Comment